Author Archives: Thandar Aung

  • သဘာဝဘေးအသိပညာပေးဟောပြောခြင်း

    ================================================= Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၄-၃-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီမှ (၁၁း၀၀) နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်အုပ်စု၊ လွန်စိုင်းရွာ၌ ကျေးရွာနေပြည်သူ (၁၅၀) ဦးအား သဘာဝအသိပညာပေးဟောပြောဆွေးနွေးခဲ့ခြင်းနှင့် ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအသိပညာပေးဟောပြောခြင်း

    ================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ကျင်းပပြုလုပ်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ “စွမ်းဆောင်ရည်မြှင့်သင်တန်း” ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ သင်ခန်းစာများကို (၂၂-၃-၂၀၁၉) ရက်နေ့တွင် သွားရောက်ပို့ချပေးခဲ့ကြောင်းနှင့် သင်တန်း၌ သင်တန်းသား/သူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအသိပညာပေးဟောပြောခြင်း

    ================================================= Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၂-၃-၂၀၁၉) ရက်နေ့တွင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာ၌ ရွာသူ၊ ရွာသား (၂၀၀) ဦးအားလည်းကောင်း၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွာသူ ရွာသား တက်ရောက်သူအင်အား (၁၅၀) ဦးအား လည်းကောင်း သဘာဝဘေးအသိပညာပေး ဟောပြောခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပြီး အမွှေးဆပ်ပြာခဲများ လက်ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအသိပညာပေး ဟောပြောခြင်း

    ================================================= Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေး/ကုဦးစီးဌာန၊ ပြန်/ဆက် ဦးစီးဌာနများနှင့်ပူးပေါင်း၍ (၂၃-၃-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ တပ်ကုန်းကျေးရွာအုပ်စု၊ ဝဲကသာကျေးရွာ အလကခွဲ ကျောင်း၌ ကျေးရွာသူ/ကျေးရွာသား (၁၀၃) ဦးအား သဘာဝဘေး အသိပညာများဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

  • မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

    ================================================= Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးကျေးရွာအုပ်စု၊ ချောင်းမကြီး(အနောက်) ကျေးရွာ၌ (၂၁-၃-၂၀၁၉) ရက်နေ့၊ (၂၀:၃၀) နာရီအချိန်တွင် မီးပလပ်ခုံအပူလွန်ကဲရာမှတဆင့် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၀၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀၅၀၀) ကျပ်အား (၂၂-၃-၂၀၁၉) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် … Read more

  • စစ်တောင်းမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

    ================================================= Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် စစ်တောင်ကျေးရွာအုပ်စု၌ (၂၂-၃-၂၀၁၉) ရက်နေ့တွင် စစ်တောင်းမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် ဘေးသင့် ပြိုကျခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ Family Kit (၁)ထုပ်၊ ရေပုံးအဖုံးပါ(၂)ပုံး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး … Read more

  • မီးဘေးထောက်ပံ့ခြင်း

    ================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ဗန်းမော်မြို့၊ အရှေ့သာစည်ရပ်ကွက်၌ (၂၀-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပြီး လုံးဝပျက်စီးခဲ့သည့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂)သိန်းကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးတို့အတွက် တစ်ဦးလျှင်(၂၁၀၀)နှုန်းဖြင့်(၇)ရက်စာဆန်ဖိုးငွေ(၈၄၀၀ိ/-)နှင့် ပလပ်စတစ်ပုံးအပါကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပုံး(၁)ပုံးတို့ကို (၂၂-၃-၂၀၁၉) ရက်နေ့၊ ညနေ (၄း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

  • သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်း

    ================================================= Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၁-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျးရွာအုပ်စု၊ ဒေါဆိုဖျကျေးရွာသို့ ရေဂါလံ (၃၀၀၀) ဆန့်သော ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

  • မီးဘေးထောက်ပံ့ခြင်း

    ================================================= Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာနှင့် စံပယ်ကုန်းကျေးရွာ၌ (၂၀-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ၃ သိန်းကျပ်နှင့် ဘေးသင့်လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၂၅၂၀၀) ကျပ်အား (၂၂-၃-၂၀၁၉) ရက်နေ့၊ (၀၉း၀၀)  … Read more

  • လေပြင်းဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ခြင်း

    Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်အုပ်စု၊ တင်းဝါးချောင်းအုပ်စု၊ ကျမိုင်းကြီးရပ်ကွက်၊ ကြိမ်ဖူးကုန်းအုပ်စု၊ မက္ကလက်အုပ်စု၊ မန်ကျည်းကုန်းအုပ်စု၊ ကြိမ်ချောင်းအုပ်စု၊ မြောက်လည်အုပ်စု၊ နမ်းခမ်းအုပ်စု၊ ဆေးခင်းခုံအုပ်စု၊ မော်နိုင်းအုပ်စုတို့၌ (၁၈-၃-၂၀၁၉) ရက်နေ့၊ (၁၉း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်သွားသော ဘုန်းကြီးကျောင်း ၃ ကျောင်း၊ အမိုးလှန်ပျက်စီးသွားသော အိမ်ခြေ (၆၄) လုံး၊ အိမ်ထောင်စု ၆၄ စုအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more

Sign Up

Upcoming Events