Author Archives: Thandar Aung

  • ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်များရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်များအတွင်းရှိ နတ်လာပို့တောင်ကျေးရွာ၊ နွားခြံကုန်ကျေးရွာ၊ ယင်းပိုးကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ နှောပင်ကျေးရွာ၊ ကျွန်းပေါ်ကျေးရွာ၊ ကျောက်မှော်ကျေးရွာနှင့် နဘူးတောကျေးရွာများ၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်နိုင်မည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်အတူ အသိပညာပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရှိရပါသည်။ #ar #sgg_apr2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မိုင်းဖြတ်မြို့နယ်၊ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှစ၍ မိုင်းဖြတ်မြို့နယ်၊ ဆိုင်းလေကျေးရွာ၊ ဆွတ်ပလောင်းကျေးရွာနှင့် တာကျောက်ကျေးရွာများအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ ရှောင်ရန်များအား မြန်မာဘာသာ၊ လားဟူဘာသာစကားတို့ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရှိရပါသည်။ #ar #shn_apr2020 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မိုးကောင်းမြို့နယ် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့၊ (၁၆:၄၀) နာရီအချိန်ခန့်တွင် မိုးကောင်းမြို့၊ မြို့ဦးရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သည့် နေအိမ်(၁)လုံးမှ အိမ်ထောင်စု (၁) စု လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၂၁၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)အိမ်ထောင်စုစာအားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀၀၀) ကျပ်ကိုလည်းကောင်း (၅-၄-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ … Read more

  • ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ခနောင်ကျေးရွာအုပ်စု၊ ခနောင်ကျေးရွာ၌ (၀၉:၀၀) နာရီအချိန်တွင် လည်းကောင်း၊ ကနိကြီးကျေးရွာ၌ (၁၀:၀၀) နာရီအချိန်တွင်လည်းကောင်း၊ ရပ်ဖရုံကျေးရွာ၌ (၁၂:၀၀) နာရီအချိန်တွင်လည်းကောင်း Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များ နှိုးဆော်ခြင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃-၄-၂၀၂၀) ရက်နေ့တွင် ကံဘက်အုပ်စု သာယာကုန်းကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကာကွယ် တားဆီး ထိန်းချုပ် ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးပန်ကြားချက်များ လှည့်လည်ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့နယ်အတွင်းရှိ ကိုင်းတောကျေးရွာ၊ သပြေပင်စုကျေးရွာ၊ ပလ္လင်ကျေးရွာ၊ ဇီးကျွန်းကျေးရွာ၊ တောင်မတောကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ အောက်စိန်တောကျေးရွာနှင့် သဲသာကျေးရွာ စုစုပေါင်း ကျေးရွာ (၈) ရွာနေ မိဘပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမပြန့်ပွားစေရေးအတွက် ဆောင်ရန် ရှောင်ရန်  အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့ခြင်း

    Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်။ ညောင်ဘီးကျေးရွာအုပ်စု၊ ညောင်ဘီးကျေးရွာ၌ (၅-၆-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁၇) ဦးအတွက် ဆန်ဘိုး(၇)ရက်စာ ထောက်ပံ့ငွေကျပ်(၃၅၇၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)စုစာအား (၈-၆-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

  • ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ နေပြည်တော် ကလေးပြုစုရေးဌာန အဆောက်အဦ ဆောက်လုပ်လှူဒါန်းခြင်းလုပ်ငန်း လစဉ်အစည်းအဝေး ကျင်းပ

    ဇွန် ၈၊ နေပြည်တော် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ဆောက်လုပ်လှူဒါန်းသည့် ကလေးပြုစုရေးဌာန(နေပြည်တော်) အဆောက်အဦဆောက်လုပ်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အဆောက်အဦ ဆောက်လုပ်ရေးဦးဆောင် ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားရာတွင် ဆောက်လုပ်လှူဒါန်းမှုအား အရည်အသွေးစံချိန်စံညွှန်းမီစွာဖြင့် ငလျင်ဒဏ်ခံနိုင်သော ခေတ်မီအဆောက်အဦဖြစ်လာရန် ဝိုင်းဝန်း ကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အရည်အသွေးစစ်ဆေးမှုကို အဖွဲ့များဖြင့် မပြတ်ကြီးကြပ်ရန် အပြင် … Read more

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

    ဇွန်လ(၈)ရက်၊ နေပြည်တော် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် တပ်မတော်နှင့် ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် နေပြည်တော် Aureum Place Hotel ၌ ဇွန်လ(၇)ရက်နေ့မှ (၈)ရက်နေ့အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ UNOCHAတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီများမှ ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၄၆)ဉီးတက်ရောက်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဉီးစိုးအောင်တက်ရောက်ကာ … Read more

Sign Up

Upcoming Events