မိုးကောင်းမြို့နယ် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့၊ (၁၆:၄၀) နာရီအချိန်ခန့်တွင် မိုးကောင်းမြို့၊ မြို့ဦးရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သည့် နေအိမ်(၁)လုံးမှ အိမ်ထောင်စု (၁) စု လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၂၁၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)အိမ်ထောင်စုစာအားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀၀၀) ကျပ်ကိုလည်းကောင်း (၅-၄-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ပြီးစီးခဲ့ကြောင်း သတင်းရရှိရပါသည်။

#ha_fir
#Kcn_apr2020

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events