လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်များအတွင်းရှိ နတ်လာပို့တောင်ကျေးရွာ၊ နွားခြံကုန်ကျေးရွာ၊ ယင်းပိုးကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ နှောပင်ကျေးရွာ၊ ကျွန်းပေါ်ကျေးရွာ၊ ကျောက်မှော်ကျေးရွာနှင့် နဘူးတောကျေးရွာများ၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်နိုင်မည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်အတူ အသိပညာပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရှိရပါသည်။
#ar
#sgg_apr2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)