Author Archives: Thandar Aung

  • ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း (၂-၅-၂ဝ၂ဝ) ရက်နေ့၊ (၁၄:၃ဝ) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ရွာတန်းရှည်ကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာ၊ ဝက်ပုတ်ကျေးရွာအုပ်စု ဝါးရင်းချိုင်ကျေးရွာ၊ အုန်းပင်စုကျေးရွာနှင့် ညောင်ပင်စုကျေးရွာ၊ အိုင်းမကျေးရွာအုပ်စု အိုင်းမကျေးရွာ၊ ပေပင်တိုက်ကျေးရွာအုပ်စု၊ ချောင်းဦးတိုကျေးရွာနှင့် ကုန်းရွာကျေးရွာ၊ ကိုင်းတောမကျေးရွာအုပ်စု မြင်းကိုးသစ်ကျေးရွာ၊ လက်ခုတ်ပင်ကျေးရွာ၊ ကံနက်ကျေးရွာနှင့် ကံကလေးကျေးရွာ၊ ဆိတ်ဆင်းကျေးရွာအုပ်စု အိုးပြွန်ကျေးရွာ၊ ကုန်းရွာကျေးရွာ၊ ကံလှကျေးရွာနှင့် ယင်းပင်တိုက်ကျေးရွာ၊ စဘေကျေးရွာအုပ်စု စဘေကျေးရွာနှင့် ထမ်းငယ်တောကျေးရွာတို့၌ လူနေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ပြီး၊ … Read more

  • မဘိမ်းမြို့နယ် ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၃-၅-၂၀၂၀) ရက်နေ့တွင် မဘိမ်းမြို့နယ် သဲချောင်းကျေးရွာ၊ ကွန်းချောင်းကျေးရွာ၊‌ ချောင်းဝကျေးရွာ၊ ရွှေတုံးကျေးရွာ၊ ငါးအိုးကျေးရွာ၊ နန်းနွဲ့ကျေးရွာနှင့် နွားတလည်ကျေးရွာတို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များလိုက်နာရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဆင်ပေါင်ဝဲမြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၃-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ သပွတ်ကျောကျေးရွာ၊ တလင်းကုန်းကျေးရွာနှင့် မောက်တင်လေးကျေးရွာများသို့ သွားရောက်ပြီး COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပေါ်စေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ညောင်တုန်းမြို့နယ် လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ပေစိကျေးရွာ၊ လင်းဝန်ကျေးရွာ၌ (၂-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ၇ရက်စာ (၁၀၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၆၀၅၀ဝိ\-) အား (၃-၅-၂၀၂၀) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more

  • ငါန်းဇွန်မြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငါန်းဇွန်မြို့နယ်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာ(၃)ရွာ၌ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ(၁၃)ဦး လေဘေးသင့်ခဲ့ပြီး အဆိုပါလေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၄၃,၇၀၀) ကျပ်၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇,၃၀၀)ကျပ်နှင့် ပြိုကျအိမ်ထောင်စု(၁)စုအတွက် စုစုပေါင်း (၃၄,၇၅၃) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး(၄၀၅,၇၅၃)ကျပ်တိတိအား (၂-၅-၂၀၂၀) ရက်နေ့၊ (၀၉:၅၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_may2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • သရက်ချောင်းမြို့နယ်၊‌ ညောင်ဇင်‌ကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊‌ ညောင်ဇင်‌ကျေးရွာသို့ သောက်သုံးရေ(၇၂၀၀)ဂါလံအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်‌ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မော်လမြိုင်ကျွန်းမြို့နယ်၊ မယ်တလိုင်းကျေးရွာအုပ်စု၊ မြောင်းသာကျေးရွာ မိုးကြိုဘေးကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မယ်တလိုင်းကျေးရွာအုပ်စု၊ မြောင်းသာကျေးရွာ၌ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးပစ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၃)ဦးအတွက် (၁)ဦးလျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၁၅၀၀၀၀ိ/-)တိတိအား (၂-၅-၂၀၂၀) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ထိခိုက်ဒဏ်ရာရရှိသူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_may2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဆင်ပေါင်ဝဲမြို့နယ်၊ ထိန်အင်းကျေးရွာအုပ်စုအတွင်း COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ထိန်အင်းကျေးရွာအုပ်စု၊ ထိန်အင်းကျေးရွာ၊ ကလန်စင်ကျေးရွာ၊ ယင်းအိုင်ကျေးရွာနှင့် ကုတင်ကြီးကျေးရွာများအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကွတ်ခိုင်မြို့နယ် ကျေးရွာများအတွင်း COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ (၂-၅-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာနှင့် လွယ်ကန်ကျေးရွာများ၌ COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာဘာသာနှင့်ကချင်ဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ #ar #shn_may2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events