ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း (၂-၅-၂ဝ၂ဝ) ရက်နေ့၊ (၁၄:၃ဝ) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ရွာတန်းရှည်ကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာ၊ ဝက်ပုတ်ကျေးရွာအုပ်စု ဝါးရင်းချိုင်ကျေးရွာ၊ အုန်းပင်စုကျေးရွာနှင့် ညောင်ပင်စုကျေးရွာ၊ အိုင်းမကျေးရွာအုပ်စု အိုင်းမကျေးရွာ၊ ပေပင်တိုက်ကျေးရွာအုပ်စု၊ ချောင်းဦးတိုကျေးရွာနှင့် ကုန်းရွာကျေးရွာ၊ ကိုင်းတောမကျေးရွာအုပ်စု မြင်းကိုးသစ်ကျေးရွာ၊ လက်ခုတ်ပင်ကျေးရွာ၊ ကံနက်ကျေးရွာနှင့် ကံကလေးကျေးရွာ၊ ဆိတ်ဆင်းကျေးရွာအုပ်စု အိုးပြွန်ကျေးရွာ၊ ကုန်းရွာကျေးရွာ၊ ကံလှကျေးရွာနှင့် ယင်းပင်တိုက်ကျေးရွာ၊ စဘေကျေးရွာအုပ်စု စဘေကျေးရွာနှင့် ထမ်းငယ်တောကျေးရွာတို့၌ လူနေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ပြီး၊ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ လူနေအိမ်(၃၆)လုံး အမိုးလန်ပျက်စီးခဲ့သည့်အတွက် အဆိုပါလေဘေးသင့်ပြိုကျပျက်စီးခဲ့သော အိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၁)စုစာ၊ အမိုးလန်ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းနှင့် လူနေအိမ်(၃၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၆၇၅,ဝဝဝိ/-)၊ လူဦးရေ(၁၇၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၃၅၉,၁ဝဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂,ဝ၃၄,၁ဝဝိ/-) တိတိအား မြိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြိုင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၃-၅-၂ဝ၂ဝ) ရက်နေ့၊ (ဝ၉:ဝဝ) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events