COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်နေရာများ၌ ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂-၅-၂၀၂၀) ရက်နေ့၊ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီထိ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်နေရာများ၌ စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_may2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events