မဘိမ်းမြို့နယ် ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၃-၅-၂၀၂၀) ရက်နေ့တွင် မဘိမ်းမြို့နယ် သဲချောင်းကျေးရွာ၊ ကွန်းချောင်းကျေးရွာ၊‌ ချောင်းဝကျေးရွာ၊ ရွှေတုံးကျေးရွာ၊ ငါးအိုးကျေးရွာ၊ နန်းနွဲ့ကျေးရွာနှင့် နွားတလည်ကျေးရွာတို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များလိုက်နာရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events