ငါန်းဇွန်မြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငါန်းဇွန်မြို့နယ်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာ(၃)ရွာ၌ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ(၁၃)ဦး လေဘေးသင့်ခဲ့ပြီး အဆိုပါလေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၄၃,၇၀၀) ကျပ်၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇,၃၀၀)ကျပ်နှင့် ပြိုကျအိမ်ထောင်စု(၁)စုအတွက် စုစုပေါင်း (၃၄,၇၅၃) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး(၄၀၅,၇၅၃)ကျပ်တိတိအား (၂-၅-၂၀၂၀) ရက်နေ့၊ (၀၉:၅၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_may2020
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events