Author Archives: Thandar Aung

  • အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့သို့ စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်၊ Mask နှင့် လက်သန့်ဆေးရည်များလာရောက်လှူဒါန်း

    Source: MOSWRR ~~~~~ မေလ ၂၆ ရက်နေ့၊ နေပြည်တော် ~~~~~   ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုန့်ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်များ၊ လက်သန့်ဆေးနှင့် Mask များကို ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက် ရေးအသင်းက ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းရာတွင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်မေယဉ်ထွန်းနှင့်အဖွဲ့က စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်(၂,၀၀၀)အုပ် … Read more

  • မအူပင်မြို့နယ်၊ အလန်းကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ အလန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၆) ရွာ၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား Loud Speaker ဖြင့် လှည့်လည်ဟော‌ပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မံစီမြို့နယ်၊ ရီခူးမံခံကျေးရွာအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ရီခူးမံခံကျေးရွာအတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ပန်ကြားချက် အသိပညာပေးမှုအား Hand Speaker များဖြင့် လှည့်လည်ဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ ဘူတာလမ်း၌ (၂၄-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၀ဝိ/-)၊ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၉၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာကိုလည်ကောင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၅-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_may2020 Source: … Read more

  • ဖာပွန်မြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ ဖာပွန်မြို့နယ်အတွင်းရှိ နို့ဖောထီးကျေးရွာ၊ ညာပေါင်ခီးကျေးရွာနှင့် ဖာလုံရွာလေးကျေးရွာများအတွင်း COVID-19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း

    Source: MOSWRR ~~~~   စိတ်ဖိစီးမှုသည် ဘဝတွင် ကြုံတွေ့ရတတ်သည့် သာမန်ဖြစ်ရိုးဖြစ်စဉ် ခံစားမှုတစ်ခုဖြစ် သော်လည်း စိတ်ဖိစီးမှုဆိုင်ရာ အခြေခံအချက်များကိုသိရှိပြီး ဖြေရှင်းနိုင်စွမ်းရှိရမည်ဖြစ်သည်။ စိတ်ဖိစီးမှုသည် ထိုဖြေရှင်းနိုင်စွမ်းကိုကျော်လွန်ခြင်း (သို့မဟုတ်) ပြင်းထန်များပြားလာခြင်းများ ရှိသည့်အခါ စိတ်မောပန်းကျဆင်းသည့်အဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။   စိတ်ဖိစီးမှု လက္ခဏာများမှာ အိပ်စက်မှုပြဿနာရှိခြင်း၊အလွန်တက်ကြွခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာအိမ်/အူလမ်းကြောင်း ပြဿနာရှိခြင်း၊ ခေါင်းကိုက်ခြင်း/ ကိုယ်လက်ကိုက်ခဲခြင်း၊ ဒေသထွက်ခြင်း၊ ကြောက်လန့်တုန်လှုပ်ခြင်း၊ ပူဆွေးသောကရောက်ခြင်း၊ ဝမ်းနည်းခြင်း၊ အပြစ်ရှိသည်ဟုခံစားရခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာရှိခြင်း၊ မကောင်းတွေးခြင်း၊ … Read more

  • COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း

    Source: MOSWRR ~~~~~   COVID–19 ကာလတွင် စိတ်ဖိစီးမှုများကို ကြုံတွေ့လာရတတ်ပါသည်။ ကြုံတွေ့ရသော ကိစ္စအဝဝကို ဒေါသစိတ်ဖြင့်မဖြေရှင်းမိစေရန် အမြဲသတိထားခြင်း၊ စိတ်ထွက်ပေါက်ရရှိ စေရေးအတွက် စိတ်လိုက်မာန်ပါ မပြုခြင်း၊ အရက်/ မူးယစ်ဆေးဝါး သုံးစွဲမှုတို့ကို ရှောင်ရှားခြင်း၊ အခက်အခဲပြဿနာရပ်များကို မိသားစုဝင်များ (သို့မဟုတ်) အနီးကပ်နေထိုင်သူများနှင့်အတူ ဝိုင်းဝန်းအဖြေရှာခြင်း၊ ရာသီဥတု၊ မိမိ၏ကျန်းမာရေးအခြေအနေတို့နှင့်လျော်ညီစွာ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ မျှတသောအာဟာရ မှီဝဲခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်းတို့သည် စိတ်ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်း နိုင်သည့် နည်းလမ်းများဖြစ်ပါသည်။   ထိုနည်းလမ်းများကို တစ်ဦးချင်းက … Read more

  • COVID-19 ကာလတွင်စိတ်ဖိစီးမှုများကိုကျော်လွှားနိုင်ရေးအသိပေးနှိုးဆော်ခြင်း

    Source: MOSWRR ~~~~ COVID-19 ကာလမှာမိမိတစ်ဦးတည်းသာမက လူတိုင်းစိတ်ဖိစီးမှုများ ခံစားနေကြရတယ် ဆိုတဲ့အချက်ကို သတိပြုမိရင်အခြားသူတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ်ပိုမိုဖြစ်ပေါ် လာစေ ပါသည်။   ကိုယ်ချင်းစာစိတ်ဟာ လူတစ်ဦးနှင့်တစ်ဦးကြား၊ အမုန်းတရားပွားများမှုကိုလျော့နည်း စေပါတယ်။ ပြဿနာရပ်များကို ကြိုးစားလက်ခံဖြေရှင်းနိုင်စွမ်းလည်းမြင့်မားစေပါသည်။   ဒီလိုနည်းနဲ့ စိတ်ဖိစီးမှုများကို လျှော့ချနိုင်ကာ ခံနိုင်ရည်ရပြီး တစ်ဦးချင်းစီက COVID-19 ကာလဒုက္ခများကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့အဆင့် သို့ရောက်ရှိအောင် ကြိုးစားသင့်ကြောင်း အသိပေး တိုက်တွန်းလိုပါသည်။   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့)

Sign Up

Upcoming Events