လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့တွင် မံစီမြို့နယ်၊ နှစ်ခြင်း IDP စခန်းရှိ အိမ်ထောင်စု (၁၇၇)စု၊ လူဦးရေ(၇၈၃)ဦးတို့အတွက် Hand Speaker (၁) ခု၊ Memory Stick (၁) ခု၊ အပူချိန်တိုင်းကိရိယာ (၁) ခု၊ ဘေစင် (၃) စုံ၊ ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၇၈၃) ခဲ၊ လက်သန့်ဆေးရည် (၃၅၄) ဗူး၊ အ၀တ် mask (၁၅၆၆) ခုတို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)