Author Archives: Thandar Aung
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး COVID-19 ကာလ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရွက်ရာတွင် ပုံစံသစ်ဖြင့် အလေ့အထဖြစ်အောင် ကြိုးစားဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး
~~~~~~ Source: MOSWRR ~~~~~~ ဇွန်လ ၁ ရက်၊ နေပြည်တော် ~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရန်နည်းလမ်းများကို အပြည့်အဝလိုက်နာနိုင်ရေးနှင့် တာဝန်များ ကျေပွန်အောင်ဆောင်ရွက်နိုင်ရေးတို့ကို (၁-၆-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ထမ်းများအား Video Conference ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ယနေ့မှစ၍ ဝန်ထမ်းအင်အားကို ရာခိုင်နှုန်းအပြည့် ပြန်လည်တာဝန်ထမ်းဆောင်ကြပြီဖြစ်ရာ COVID-19 … Read more
-
မင်းလှမြို့နယ်၊ လဲပင်ကျင်းကျေးရွာအုပ်စု၊ လဲပင်ကျင်းကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ လဲပင်ကျင်းကျေးရွာအုပ်စု၊ လဲပင်ကျင်းကျေးရွာ၌ (၂၈-၅-၂၀၂၀)ရက်နေ့၊ (၁၇:၁၅) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေစုစုပေါင်း (၃၈) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၃၈) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၇၉၈၀ဝိ/-) နှင့် နေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၃၀ဝဝိ/-)၊ ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၂၃၂၈၀ဝိ/-) တိတိအား (၁-၆-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာရဖုံကျေးရွာအုပ်စု၊ အနောက်သာရဖုံကျေးရွာ၌ (၃၀-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ဖိုး (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) အိမ်ထောင်စာကို (၁-၆-၂၀၂၀) ရက်နေ့၊ (၁၃:ဝဝ) နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သံတွဲခရိုင်၊ တောင်ကုတ်မြို့ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃၀-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) အချိန်မှ (၀၈:၃၀) အချိန်ထိ သံတွဲခရိုင်၊ တောင်ကုတ်မြို့၊ ကိုင်းရှည်ကျေးရွာ၌လည်းကောင်း၊ (၀၈:၄၅) အချိန်မှ (၀၉:၁၅) အချိန်ထိ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၌လည်းကောင်း၊ (၀၉:၃၀) အချိန်မှ (၁၀:၀၀) အချိန်ထိ တောင်ကုတ်မြို့၊ ဆေးရုံကွက်သစ်ရပ်ကွက်၌လည်းကောင်း၊ (၁၀:၁၅) အချိန်မှ (၁၀:၄၅) အချိန်ထိ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်၌လည်းကောင်း၊ (၁၁:၀၀) အချိန်မှ (၁၁:၃၀) အချိန်ထိ တောင်ကုတ်မြို့၊ … Read more
-
ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာ၌ (၂၇-၅-၂၀၂၀) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြို၍ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု(၂)စု၊ လူဦးရေ(၉)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးရိက္ခာငွေ (၁၈၉၀၀)ကျပ်နှင့် ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ စုစုပေါင်း (၂၁၈၉၀၀) ကျပ်တိတိအား (၂၉-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #kcn_may2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ခဲ့သည့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ (၂၈-၅-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ခဲ့သည့်အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)နှင့် လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀ိ/-)၊ စုစုပေါင်း (၂၁၄၇၀၀ိ/-)အား (၂၉-၅-၂၀၂၀) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_may2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လွိုင်ကော်မြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု ပီကင်းကောခူကျေးရွာ၊ နိုးကိုးကျေးရွာအုပ်စု ဒေါလိုရှေးကျေးရွာ၊ နွားလဝိုးကျေးရွာအုပ်စု ပကြဲစံပြကျေးရွာနှင့် မြေနီကုန်းကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ၌ (၂၆-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၄၂၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၀၄၂၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာတို့အား (၂၈-၅-၂၀၂၀) ရက်နေ့၊ (၁၉:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စုနှင့် ကမ္ဘဲ့ကျေးရွာအုပ်စုအတွင်း လေပြင်းဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ၊ အမှတ်(၁)ရပ်ကွက်၊ နဂါးရုံရပ်နှင့် ကမ္ဘဲ့ကျေးရွာအုပ်စု၊ ကမ္ဘဲ့ကျေးရွာတို့၌ (၂၇-၅-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၁၀၀၀၀)ကျပ်တိတိအား (၂၈-၅-၂၀၂၀)ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်အရောက် ထောက်ပံ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
Source: MOSWRR ~~~~~ မေလ ၂၈ ရက်၊ နေပြည်တော် ~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ယနေ့တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း(၁)နှင့် ငှက်ချောင်း(၂) IDP စခန်းတို့တွင် ဆပ်ပြာ(၁,၆၂၆)တောင့်၊ … Read more
