ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာ၌ (၂၇-၅-၂၀၂၀) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြို၍ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု(၂)စု၊ လူဦးရေ(၉)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးရိက္ခာငွေ (၁၈၉၀၀)ကျပ်နှင့် ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ စုစုပေါင်း (၂၁၈၉၀၀) ကျပ်တိတိအား (၂၉-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#kcn_may2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events