Author Archives: Thandar Aung
-
ရှမ်းပြည်နယ်၊ တီကျစ်မြို့၊ နောင်တရားမြို့နှင့် ပင်လောင်းမြို့များအတွင်းရှိ ဖုန်းဆိုင်များ၌ DAN Mobile Application ရယူအသုံးပြုနည်းများနှင့် DAN Mobile Application Sticker များ ဖြန့်ဝေပေးမှုသတင်း
(၆-၃-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် တီကျစ်မြို့၊ နောင်တရားမြို့နှင့် ပင်လောင်းမြို့များအတွင်းရှိ ဖုန်းဆိုင်များ၌ DAN Mobile Application ရယူအသုံးပြုနည်းများနှင့် လူစည်ကားသည့်နေရာများနှင့် ဖုန်းဆိုင်များ၌ DAN Mobile Application Sticker များ ဖြန့်ဝေပေးခြင်း၊ Sticker ကပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ စည်ပင်ကြီးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုမှုသတင်း
(၃-၃-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ စည်ပင်ကြီးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
(၃-၃-၂၀၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ စစ်ကိုင်းမြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးမှူး (၉၀) ဦးတို့အား (၁) ရက်တာ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၅-၂-၂၀၁၇) ရက်နေ့တွင် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့ နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၂) လုံးမှ လူဦးရေ (၁၀) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃-၃-၂၀၁၇) ရက်နေ့တွင် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေ (၉၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀၀၀၀) ကျပ်နှင့် (၁၉) မျိုးပါ Family Kit (၂) စုံ တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြို့မရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၂၈-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြို့မရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၁) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်(၃)ရက်စာဖိုး စုစုပေါင်း (၆၁၈၉၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ပစ္စည်း (၈) မျိုးပါ Family Kit ပုံး (၅) ပုံး (၅)အိမ်ထောင်စုစာတို့အား ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးရှေ့မှောက်၌ … Read more
-
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၆-၂-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ပန်းဆက် E ဘလောက် (၁၈) လမ်း၊ လမ်းမကြီး(၄)လမ်း၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများရရှိ၍ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော်လည်း (၂-၃-၂၀၁၇)ရက်နေ့တွင် မီးလောင်ဒဏ်ရာများကြောင့် သေဆုံးခဲ့သည့် ဦးဇော်လေးအတွက် ထောက်ပံ့ငွေ (၁)သိန်းကျပ်တိတိအား (၃-၃-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူတစ်ဦးက သေဆုံးသူ၏ မိသားစုဝင်ထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာ၀တီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စံပါယ်ရုံကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁-၃-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စံပါယ်ရုံကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၂) လုံးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၅) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၃) ရက်စာ (၄၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၀၄၅၀၀) ကျပ်တိတိအား (၃-၃-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာ၀န်ရှိသူများက … Read more
-
လပွတ္တာမြို့နယ်၊ ကန်ဘက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) (၄-၃-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လပွတ္တာမြို့နယ်၊ ကန်ဘက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများထံ လက်ကမ်းစာစောင်နှင့်နံရံကပ်ပိုစတာများ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၁၂၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရပ်ဒေးကျေးရွာအုပ်စု၊ သစ်ကိုက်(အရှေ့)ကျေးရွာ မီးဘေးအတွက် ထောက်ပံ့ငွေများ လှူဒါန်းမှုသတင်း
(၃-၃-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရပ်ဒေးကျေးရွာအုပ်စု၊ သစ်ကိုက် (အရှေ့) ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘုန်းတော်ကြီး ကျောင်း (၁) ကျောင်းမှ သံဃာ (၂) ပါးအတွက် သင်္ကန်းဒွိစုံ (၂) စုံဖိုး (၃၀၀၀၀) ကျပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ ထောက်ပံ့အလှူငွေစုစုပေါင်း (၂၃၀၀၀၀) ကျပ်နှင့် အထူးစောင် (၂) ထည်အား မကွေးတိုင်းဒေသကြီး (ကဆရ) ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၄-၃-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံံ့ပြီးဖြစ်ပါသည်။ Source: … Read more
-
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
နေပြည်တော်၊ မတ်လ (၅) ရက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာမည့် ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ရေးအစီအစဉ် ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်အရ လုပ်ငန်းစဉ် (၈) ရပ် ချမှတ်ထားပါကြောင်း၊ ထိုလုပ်ငန်းစဉ်များအရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာမည့် ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ရေးအစီအစဉ်ကို ၂၀၁ရခုနှစ် ဧပြီလ (၁) ရက်နေ့မှ … Read more
