(၂၈-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြို့မရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၁) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်(၃)ရက်စာဖိုး စုစုပေါင်း (၆၁၈၉၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ပစ္စည်း (၈) မျိုးပါ Family Kit ပုံး (၅) ပုံး (၅)အိမ်ထောင်စုစာတို့အား ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးရှေ့မှောက်၌ မီးဘေးသင့်သူများထံ (၃-၃-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)