(၂၅-၂-၂၀၁၇) ရက်နေ့တွင် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့ နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၂) လုံးမှ လူဦးရေ (၁၀) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃-၃-၂၀၁၇) ရက်နေ့တွင် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေ (၉၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀၀၀၀) ကျပ်နှင့် (၁၉) မျိုးပါ Family Kit (၂) စုံ တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)