Author Archives: Thandar Aung

  • မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်အတွင်း လေဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

    (၈-၃-၂၀၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကရုဏာမြင့်မိုရ်၊ သုခဟိတ၊ ဓမ္မပါလ၊ မာဃမောင်မယ်၊ ရွှေတုံမီးအိမ်ရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်နှင့် ဖြူစင်စိတ်ထား စသည့် လူမှုရေးအသင်းများနှင့် ပူးပေါင်းကာ မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်အတွင်း လေဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းအား ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်စဉ် ဒေသခံတာဝန်ရှိသူများနှင့် ညောင်ပင်ရွာမှ ဒေသခံများပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    (၃-၃-၂၀၁၇) ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာ၌ မီးလောင်မှုကြောင့် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး မီးဘေးသင့်ခဲ့ပြီး လူ (၁) ဦးသေဆုံးခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၃၆၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်၊ သေဆုံးသူတစ်ဦးအတွက် (၁) သိန်းကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် FamilyKits (၁) ပုံးတို့အား (၇-၃-၂၀၁၇) ရက်နေ့တွင် ပဲခူုးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) … Read more

  • ဒိုက်ဦးမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ဗမာကျွန်းကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    (၃-၃-၂၀၁၇) ရက်နေ့တွင် ဒိုက်ဦးမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ဗမာကျွန်းကုန်းကျေးရွာ၌ မီးလောင်မှုကြောင့် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် FamilyKits (၁) ပုံးတို့အား (၆-၃-၂၀၁၇) ရက်နေ့တွင် ပဲခူုးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ဘေးသင့်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more

Sign Up

Upcoming Events