Author Archives: Thandar Aung

  • ကရင်ပြည်နယ်၊မြဝတီမြို့တွင်သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ် သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံး၌ သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းအား ဖွင့်လှစ်ခဲ့ရာ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား ၁၄. ၃. ၂၀၁၇ ရက်နေ့မှ ၁၆. ၃ .၂၀၁၇ ရက်နေ့အထိ(၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ သင်တန်းသား/သူ များအား သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မန္တလေးတိုင်းဒေသကြီး၊မိတ္တီလာခရိုင်ဦးစီးမှူးရုံး(ကဆရ)ရုံးသစ်ဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၌ (၁၀-၃-၂၀၁၇ ) ရက်နေ့ (၀၉း၃၀) အချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး အပါအဝင် ဝန်ထမ်းများနှင့်အတူ အန္တရာယ်ကင်းပရိတ်တရားနာကြားပြီး မိတ္တီလာခရိုင်ဦးစီးမှူးရုံးသစ်အား ဖွင့်လှစ်ပေးခဲ့ပါကြောင်းနှင့်ရုံးလုပ်ငန်းဆိုင်ရာများကို (၁၀-၃-၂၀၁၇) စ၍ဆက်သွယ် ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events