Author Archives: Thandar Aung
-
စစ်တွေမြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ မုတ်သုန်အကြိုကာလ သဘာဝဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၄/၅-၅-၂၀၁၇) ရက်နေ့များတွင် စစ်တွေမြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ မုတ်သုန်အကြိုကာလ သဘာဝဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးသတိပေးဆိုင်းဘုတ်ဗီနိုင်းအား စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့၊ ၀၉း၃ဝနာရီအချိန်တွင် မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၌ ရပ်ကွက်နေပြည်သူ (၂၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးသတိပေးဆိုင်းဘုတ်ဗီနိုင်းအားစိုက်ထူခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၂၂-၄-၂၀၁၇) ရက်နေ့တွင် ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ပိုင်းရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ အမိုးလန်ခဲ့ရာ အဆိုပါအိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(၄)အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး (၈၄၀၀) ကျပ်ကိုလည်းကောင်း၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဝမ်ကန်ကျေးရွာ အမိုးလန်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး (၁)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀) ကျပ်တို့ကိုလည်းကောင်း ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
စစ်တွေမြို့နယ်အတွင်း မုတ်သုန်အကြိုကာလ သဘာဝဘေးအန္တရာယ်အသိ်ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
(၅-၅-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်အတွင်း မုတ်သုန်အကြိုကာလ သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များအား ဒေသခံပြည်သူများထံသို့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဘူးသီးတောင်မြို့နယ်၊ ယင်းမာပင်ကျေးရွာမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၄-၄-၂၀၁၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ယင်းမာပင်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀) သိန်းကျပ်၊ အမိုးလန်ခဲ့သည့် နေအိမ် (၂၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၅၀၀၀၀) ကျပ်၊ သာသနာ့အဆောက်အဦ (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) သိန်းကျပ်နှင့် ဘေးသင့်လူဦးရေ (၂၄၀) ဦးအတွက် ဆန် (၇) ရက်စာဖိုးငွေ (၅၀၄၀၀၀) ကျပ် စုစုပေါင်း (၂၇၅၄၀၀၀) ကျပ်တို့အား (၃-၅-၂၀၁၇) ရက်နေ့တွင် မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) … Read more
-
မိုးညှင်းမြို့နယ်၊ အောင်သပြေရပ်ကွက်မှ မီးဘေးသင့်အိမ်ထောင်စု (၁) စု အတွက် ထောက်ပံ့မှုသတင်း
(၃၀-၄-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အောင်သပြေရပ်ကွက်၊ လမ်းသွယ် (၉)၊ အိမ်အမှတ် (၁/၁၆၈) ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါအိမ်ခြေ (၁) လုံးမှ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ဖိုးငွေ (၁၀၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ်၊ စုစုပေါင်း (၂၁၀၅၀၀) ကျပ်တိတိတို့အား မိုးညှင်းခရိုုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၃-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ငပုတောမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် စီမံချက်ဝင်ကျေးရွာများတွေ့ဆုံပွဲအစည်းအဝေးပြုလုပ်မှုသတင်း
(၃-၅-၂၀၁၇) ရက်နေ့တွင် ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ CWS နှင့် YMCA အဖွဲ့၏ ငပုတောမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် စီမံချက်ဝင်ကျေးရွာများတွေ့ဆုံပွဲအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများတက်ရောက်ပြီး သဘာဝဘေးစီမံခန့်ခွဲမှုနှင့် ကော်မတီများဖွဲ့စည်းဆောင်ရွက်မှုအား ဆွေးနွေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ စုစုပေါင်းလူဦးရေ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ အေးရွာမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၂၉-၄-၂၀၁၇) ရက်နေ့တွင် ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ အေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၅) လုံး အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါဘေးသင့်အိမ်ခြေ (၅) လုံးမှ ဘေးသင့်ပြည်သူများအတွက် အိမ်ခြေ (၁) လုံးလျှင် (၁၀၀၀၀၀) သိန်းနှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀) ကျပ်ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၇) ရက်နေ့တွင် ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လားရှိုးမြို့၊ အီနိုင်းကျေးရွာအုပ်စုအတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပ့ံမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၇) ရက်နေ့တွင် အီနိုင်းကျေးရွာအုပ်စု၊ အီးနိုင်းကျေးရွာနှင့် မန်မိုင်ကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်း၊ အိမ်ခြေ (၂၉) လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်းတို့ အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂၉) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပ့ံငွေ (၂၅၇၅၀၀၀) ကျပ် (ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်းအပါအဝင်) အား (၂-၅-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ … Read more
-
ဇလွန်မြို့နယ်၊ ပက်တန်းအုပ်စု၊ ညောင်ကုန်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၂၉-၄-၂၀၁၇) ရက်နေ့တွင် ဇလွန်မြို့နယ်၊ ပက်တန်းအုပ်စု၊ ညောင်ကုန်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁) လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈၄၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၇) ရက်နေ့တွင် ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ … Read more
