ငပုတောမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် စီမံချက်ဝင်ကျေးရွာများတွေ့ဆုံပွဲအစည်းအဝေးပြုလုပ်မှုသတင်း

4_pic01 4_pic02
(၃-၅-၂၀၁၇) ရက်နေ့တွင် ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ CWS နှင့် YMCA အဖွဲ့၏ ငပုတောမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် စီမံချက်ဝင်ကျေးရွာများတွေ့ဆုံပွဲအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများတက်ရောက်ပြီး သဘာဝဘေးစီမံခန့်ခွဲမှုနှင့် ကော်မတီများဖွဲ့စည်းဆောင်ရွက်မှုအား ဆွေးနွေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ စုစုပေါင်းလူဦးရေ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events