လားရှိုးမြို့၊ အီနိုင်းကျေးရွာအုပ်စုအတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပ့ံမှုသတင်း

4_pic03 4_pic04
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၇) ရက်နေ့တွင် အီနိုင်းကျေးရွာအုပ်စု၊ အီးနိုင်းကျေးရွာနှင့် မန်မိုင်ကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်း၊ အိမ်ခြေ (၂၉) လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်းတို့ အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂၉) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပ့ံငွေ (၂၅၇၅၀၀၀) ကျပ် (ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်းအပါအဝင်) အား (၂-၅-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့မှုများပေးအပ်ခဲ့ပါသည်။

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events