(၂၂-၄-၂၀၁၇) ရက်နေ့တွင် ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ပိုင်းရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ အမိုးလန်ခဲ့ရာ အဆိုပါအိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(၄)အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး (၈၄၀၀) ကျပ်ကိုလည်းကောင်း၊
မယ်စဲ့ကျေးရွာအုပ်စု၊ ဝမ်ကန်ကျေးရွာ အမိုးလန်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး (၁)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀) ကျပ်တို့ကိုလည်းကောင်း ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)