Author Archives: Thandar Aung

  • လေဘေးသင့်အိမ်ထောင်စုအတွက်ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊စပါးထားကျေးရွာ၌(၁၅-၅-၂၀၁၇)ရက်နေ့တွင်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့်် အိမ်ထောင်စု (၁) စုအတွက်ဆန်ဖိုးငွေ (၈၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀)ကျပ်ထောက်ပံ့ ငွေစုစုပေါင်း (၁၀၈၄၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။Source:မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ရပ်ကွက် (၈) ရပ်ကွက်မှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ရပ်ကွက် (၈) ရပ်ကွက်၌ (၇-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် ထပ်တိုးအိမ်ခြေ (၆၄) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၈၀၀၀၀) ကျပ်၊ ထပ်တိုးပြိုကျအိမ်ခြေ (၅) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၆၉) စုမှ လူဦးရေ (၂၇၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၅၇၉၆၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၂၃၅၉၆၀၀) ကျပ်တို့ကို (၁၅-၅-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) … Read more

  • သရက်ခရိုင်၊ အောင်လံမြို့နယ်၊ နှောက်စမ်းကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ နှောက်စမ်းကျေးရွာ၌ (၁၄-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၄) စုအတွက် ဆန်ဖိုးငွေ (၃၁၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၄၃၁၅၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရခိုင်ပြည်နယ၊် တတိယအကြိမ်ဒေသတွင်း မုတ်သုံဖိုရမ်ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ရခိုင်ပြည်နယ၊်စစ်တွေမြို့တွင်(၁၅-၅-၂၀၁၇)ရက်နေ့တွင် တတိယအကြိမ်မုတ်သုံဖိုရမ်အား မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ(၃၅)ဦးဖြင့့် စစ်တွေဟိုတယ်၌ထိကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ တတိယအကြိမ်မုတ်သုံဖိုရမ်၌ စီးပွားရေးကဏ္ဍ၊ ဖွံ့ဖြိုးရေးကဏ္ဍ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုများတွင် အရင်းအမြစ်များနှင့် သဘာဝဘေးလျှော့ကျစေရေးအတွက် ပိုမိုစီမံခန့်ခွဲလာနိုင်စေရန် ရာသီဥတုဆိုင်ရာ အချက်အလက်များနှင့် အသုံးချမှုများအကြား ကွာဟချက်များအား ပေါင်းကူးပေးခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရှိပါသည် Source : ရခိုင်ပြည်နယ် ဦးစီးမှူးရုံး (ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စု၊ မိုင်းရင်ကျေးရွာရှိ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းမှ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၍ လားရှိုးမြို့၊ ပြည်သူ့ဆေးရုံးတွင် ဆေးကုသမှုခံယူလျက်ရှိသော ကိုရင် (၇) ပါးအတွက် (၁) ပါးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၇) ပါးစာ (၃၅၀,၀၀၀) ကျပ်တို့အား (၉-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)  

  • မုတ်သုန်အကြိုကာလ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိ သူများသည် (၁၄-၅-၂၀၁၇) ရက်နေ့ (၁၃းဝ၀)နာရီမှ (၁၄း၄၅)နာရီထိ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာဘုန်းတော်ကြီးကျောင်း ၌ ကျေးရွာသူ/သား (၂၀၀)အား မုတ်သုန်အကြိုကာလ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး ဘေး(၈)မျိုး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း နံရံကပ်ပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးထံပေးအပ်ခဲ့သတင်းရရှိသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင်းလေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိ သူများသညပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဘုတ်ချောင်း ကျေးရွာအုပ်စု၊ မဲဇလီ ကျေးရွာတွင် (၉-၅-၂၀၁၇) ရက်နေ့ ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့်် အမိုးလန် နေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (ပလပ်စတစ်ပုံးပါ) (၂)အိမ်ထောင်စုစာ၊ လူဦးရေ(၁၀)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ(၂၁၀၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်း ဖိုး (၄၀၀၀၀ိ/-)၊ အမိုး လန်ဘုန်းတော် ကြီးကျောင်း ဓမ္မာရုံ (၁) လုံးအတွက် လှူဒါန်းငွေ(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း(၁၆၁၀၀၀ိ/-)အား (၁၃-၅-၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် … Read more

Sign Up

Upcoming Events