Author Archives: Thandar Aung

  • ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    (၁၉-၅-၂၀၁၇) ရက်နေ့တွင် ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ၌ ကမ်းပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁၂) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၉၀၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပ့ံရန်ပုံငွေ (၁၂၉၀၃၀၀) ကျပ်တိတိကို (၁-၆-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှ တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မြိတ်မြို့နယ်၊ သမုတ်ကျေးရွာ၊ အထက သမုတ်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဆွေးနွေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    (၁-၆-၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ သမုတ်ကျေးရွာ၊ အထက သမုတ်ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန််များ ဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ရပ်မိရပ်ဖ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူဦးရေ (၁၄၀) ဦးခန့်ထံ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ ဘောပင်နှင့် ဆပ်ပြာမှုန့်ထုပ်များအား ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရေနံချောင်းမြို့တွင် ချောင်းရေဖြင့် မျောပါသေဆုံးသူ၏ မိသားစုထံ ထောက်ပ့ံငွေများ ပေးအပ်မှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ သစ်တပွေရပ်ကွက်နေ မောင်မျိုးသူကို (၃၃) နှစ်သည် သစ်တပွေချောင်းအား (၂၈-၅-၂၀၁၇) ရက်နေ့တွင် ဆိုင်ကယ်ဖြင့် ဖြတ်ကူးစဉ် ချောင်းရေဖြင့် မျောပါသေဆုံးခဲ့ပါသည်။ အဆိုပါသေဆုံးခဲ့သူ၏ မိသားစုများထံသို့ ထောက်ပံ့ငွေ (၃) သိန်းကျပ်တိတိကို မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံး၌ ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events