Author Archives: Thandar Aung
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ဗန်းမော််ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်သဘာဝဘေးအသိ ပညာပေး ဆွေးနွေးဟောပြောပွဲအား(၂၄-၆-၂၀၁၇)ရက်နေ့တွင်ဗန်းမော်မြို့နယ််၊ မင်းကျောင်းကုန်းရပ် ကွက်တွင်သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူ( ၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ဗန်းမော််ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တိုင်းရင်းသားဒေသခံများနှင့် နီးစပ်မှုရှိရေး၊ တိုင်းရင်းသားများ၏လိုအပ်ချက်များ ဖြည့်ဆည်းရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်မှုသတင်း
၂၄-၆-၂၀၁၇ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားဒေသခံများနှင့် ပိုမိုနီးစပ်စေရန်နှင့် တိုင်းရင်းသားဒေသခံများ၏ လိုအပ်ချက်များကို သိရှိဖြည့်ဆည်းနိုင်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်းဖြင့် လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ၂၀၁ရခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့နံနက်ပိုင်းတွင် ကျင်းပသော ကိုးကန့်ဒေသခံများနှင့်တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါ သည်။ ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဦးကျောက်တယ် ချန်နှင့်အခမ်းအနားသို့တက်ရောက်လာကြသော ဒေသခံပြည်သူများက ကိုးကန့်ဒေသ ၏လို်အပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက၂၀၁ရခုနှစ်၊ တိုက်ပွဲကာလ အတွင်း ပျက်စီးခဲ့သော ထင်ပါကျိုင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၈)ရွာမှ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သဘာဝဘေးအသိ ပညာပေးဆွေးနွေးဟောပြောပွဲအား (၂၄-၆-၂၀၁၇) ရက်နေ့တွင်ပုသိမ်မြို့နယ် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့်ပူးပေါင်း၍ ပုသိမ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူ( ၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်သဘာဝဘေးအသိပညာ ပေးဆွေးနွေးဟောပြောပွဲအား(၂၄-၆-၂၀၁၇) ရက်နေ့တွင် ပင်လုံမြို့၊ မြို့လယ်ဓမ္မာရုံ၌ရပ်ကွက်/ ကျေးရွာအဆင့် သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူ( ၉၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဓနုဖြူမြို့နယ်၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်သည် (၂၄.၆.၂၀၁၇) ရက်နေ့တွင်ဓနုဖြူမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းညှိနှိုင််းအစည်းဝေးသို့ကော်မတီဝင်များနှင့်တွေ့ဆုံပြီး သဘာဝဘေးလျှေ့ာပါးရေးနှင့် သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်အောင် ပြည်သူတို့ လိုအပ်ချက်များ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ရန် လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ ကြို တင်ညှိနှိုင်းဆောင်ရွက်ခြင်းသည် ပြည်သူတို့လိုအပ်ချက်များကို များစွာအကောင်အထည်ဖော်ဖြည့် ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသောအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ထွန်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတွေ့ကြုံနေသည့်အခက် အခဲများနှင့်သိရှိလိုသောမေးခွန်းများမေးမြန်းခဲ့ရာ ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင််းအစည်းဝေးသို့ အရပ်ဖက်အဖွဲ့အစည်းများ၊ သဘာဝဘေးကော်မတီ အဖွဲ့ဝင် များ ရဲတပ်ဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုစုပေါင်း(၉၀) ဦးတက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါ သည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၃-၆-၂၀၁၇ )ရက်နေ့တွင် သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင််သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ််ခဲ့ပြီးတက်ရောက်(၄၀)ခန့်တက် ရောက်ခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များ မီး ရေ မုန်တိုင်း ငလျင် ဗီနိုင်း ပိုစတာများကို ကိုပြည်သူများအားဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးသစ်ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင် ဦးစီးမှူးရုံးဖွင့်လှစ် သည့်အခမ်း အနားကို(၂၄.၆.၂၀၁၇) ရက်နေ့ နံနက် (၉းဝ၀) နာရီ အချိန်တွင်ဖွင့်လှစ်၍ သံဃာတော်များအားနေ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့ကိုရေစက်သွန်းချ လှူဒါန်းခဲ့ပြီး အခမ်းအနားသို့ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တက်ရောက်လာသူများအားနေ့လည်စာဖြင့်တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။၄င်းနောက် ညွှန်ကြားရေးမှူးချုပ်သည်မအူပင်ခရိုင်ဦးစီးမှူးရုံးသစ်၊ ဝန်ထမ်းအိမ်ရာတည် ဆောက်မည့်မြေနေရာနှင့် ကယ်ဆယ် ရေးပစ္စည်း များသိုလှောင် သိမ်းဆည်းထားရှိမှု အခြေအနေများ ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။
-
ကုလသမဂ္ဂဖွ့ံဖြိုးမှုအစီအစဉ်နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR )ရေးဆွဲ ဆောင်ရွက်မှုအခြေ အနေများး ရှင်းလင်းဆွေးနွေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် (၂၃-၆-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ကုလသမဂ္ဂဖွ့ံဖြိုးမှုအစီအစဉ်နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction MAPDRR )ရေးဆွဲဆောင် ရွက်မှုအခြေအနေများကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအား ရှင်းလင်းဆွေးနွေးပွဲသို့တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၏ အရေးပါမှု၊ နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေကို သုံးစွဲ၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင်ကျခံသုံးစွဲမှုအခြေအနေ၊မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးစီမံချက်ရေးဆွဲခြင်းအားဖြင့် နိုင်ငံတော်အဆင့်နှင့်ဒေသန္တရအဆင့် ဦးစားပေးလုပ်ငန်းများသတ်မှတ်ဖော် ထုတ်ခြင်း၊ စီမံချက်နှင့် ကမ႓ာလုံးဆိုင်ရာ မူဘောင်များချိတ်ဆက်မှုအနေအထားစည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၊မအူပင်ခရိုင်၊မအူပင်မြို့နယ်၊ငါးကြီးဂရက်ကျေးရွာနှင့်ကုလားစကျေးရွာတို့တွင် (၂၀-၆-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့်အမိုးလန်နေအိမ် (၈) လုံး၊ အိမ်ထောင်စု (၈) စုမှ လူဦးရေ (၃၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၈)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာ (၇၁၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၄၀၀၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ(၃၁၁၄၀၀ိ/-) အား(၂၃-၆-၂၀၁၇)ရက်နေ့တွင်ဘေးသင့်ပြည်သူများအားလက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ ခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီး ်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပ့ံငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများ ဟုမ္မလင်းမြို့နယ် နန့်တောကျေးရွာ (၂၀-၆-၂၀၁၇)နေ့ မိုးရွာသွန်းမှုကြောင့် ရေဝင်ရောက်သည့် စာသင်ကျောင်းများ လူနေအိမ်များနှင့် ရေတွင်းရေကန်များ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရန်နှင့် သောက်သုံးရေသန့်ဖြန့်ဝေရန်အတွက် ငွေကျပ် (၇၅၀၀၀၀)ကို (၂၄-၆-၂၀၁၇)နေ့တွင် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)
