ဓနုဖြူမြို့နယ်၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

24Pic01

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်သည် (၂၄.၆.၂၀၁၇) ရက်နေ့တွင်ဓနုဖြူမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းညှိနှိုင််းအစည်းဝေးသို့ကော်မတီဝင်များနှင့်တွေ့ဆုံပြီး သဘာဝဘေးလျှေ့ာပါးရေးနှင့် သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်အောင် ပြည်သူတို့ လိုအပ်ချက်များ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ရန် လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ ကြို တင်ညှိနှိုင်းဆောင်ရွက်ခြင်းသည် ပြည်သူတို့လိုအပ်ချက်များကို များစွာအကောင်အထည်ဖော်ဖြည့် ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသောအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ထွန်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတွေ့ကြုံနေသည့်အခက် အခဲများနှင့်သိရှိလိုသောမေးခွန်းများမေးမြန်းခဲ့ရာ ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင််းအစည်းဝေးသို့ အရပ်ဖက်အဖွဲ့အစည်းများ၊ သဘာဝဘေးကော်မတီ အဖွဲ့ဝင် များ ရဲတပ်ဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုစုပေါင်း(၉၀) ဦးတက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါ သည်။

Sign Up

Upcoming Events