Author Archives: Thandar Aung
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား Departament for International Development-DFIDအဖွဲ့မှ Deputy Team Leader (ITAD)ဖြစ်သူMr.Alexander Robert Renuick Mcaslanဦးဆောင်သောအဖွဲ့မှလာရောက်တွေ့ဆုံမှုသတင်း
(၂၆-၆-၂၀၁၇) ၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဗြိတိန်နိုင်ငံအခြေစိုက် Departament for International Development – DFID အဖွဲ့မှ Deputy Team Leader (ITAD) ဖြစ်သူ Mr. Alexander Robert Renuick Mcaslan ဦးဆောင်သောအဖွဲ့မှ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါ (DFID)အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော အစိုးရမဟုတ်သော … Read more
-
မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကျောက်ဖျာဓမ္မာရုံ (သာသနာ့ရက္ခိတဓမ္မာရုံ) ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
(၂၅-၆-၂၀၁၇) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကျောက်ဖျာဓမ္မာရုံ (သာသနာ့ရက္ခိတဓမ္မာရုံ) ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များကို တက်ရောက်လာသူများထံ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ … Read more
-
ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ (၂၅-၆-၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားမြို့နယ် မြတ်ဆုမွန်ပရဟိတဂေဟာမှ ကျောင်းသား/သူ (၈၆)ဦးအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာနှင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာအသိပညာပေး ဟောပြောပွဲများဆောင်ရွက်ခဲ့ပြီး ဗွီနိုင်း ပိုစတာ၊ လက်ကမ်းစာစောင်၊ ခေါက်ဆွဲခြောက်ထုပ်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။Source:ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ (၂၅-၆-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ပါရမီပရဟိတဂေဟာနှင့် သုဇနကာရီပရဟိတဂေဟာများမှ ကျောင်းသား/သူ(၂၈၀)ဦးအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲများဆောင်ရွက်ခဲ့ပြီး ဗွီနိုင်း ပိုစတာ၊ လက်ကမ်းစာစောင်၊ ခေါက်ဆွဲခြောက်ထုပ်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေး အသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၅-၆-၂၀၁၇) ရက်နေ့တွင် ရွှေတောင်မြို့နယ် ကျီးသဲကျေးရွာအုပ်စု၌ သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များ ဟောပြောခဲ့ပြီးတက် ရောက်သူ( ၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးရှမ်း(မြောက်)ဒေသရှိ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ဆောင်ရွက်ပေးမှုများရှင်းလင်း၊ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးမှုသတင်း
၂၅-၆-၂၀၁၇ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနအစည်းအဝေးခန်းမတွင် ယနေ့ကျင်းပပြုလုပ်သော လားရှိုးမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုင်းရင်းသားဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိလာပြီး ယုံကြည်မှု စိတ်များ ပိုမိုတိုးတက်ဖြစ်ထွန်းလာပါကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူမှုအသိုက် အဝန်းနှင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သော လူ့အသိုင်းအဝိုင်း တစ်ရပ်ဖြစ်ပေါ် လာစေရေးကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ပြည်သူများနှင့် နီးစပ်မှုရှိမှသာ လိုအပ်ချက်များကို ဖော်ထုတ်အကောင်အထည်ဖော်ပေးနိုင်မှာ ဖြစ်ကြောင်း၊ လူသားတိုင်း ဒီမိုကရေစီစံနှုန်းနှင့်ညီသော လူ့အခွင့်အရေးကိုရရှိနိုင်ရန် မူဝါဒများ၊ ဥပဒေ၊ … Read more
-
ရေကြည်မြို့နယ်၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းညှိနှိုင််းအစည်းအဝေးကျင်းပပြု လုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်သည်(၂၅.၆.၂၀၁၇) ရက်နေ့တွင်ရေကြည်မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုလုပ်ငန်းညှိနှိုင််းအစည်းဝေးသို့တက်ရောက်ခဲ့ပြီး အဆိုပါ လုပ်ငန်းညှိနှိုင််း အစည်းဝေးသို့ ရေကြည်မြို့နယ်၊ အသုတ်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့နယ်များမှ သဘာဝဘေးကော်မတီ အဖွဲ့ဝင် များ ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း (၁၁၆) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် Plan International Myanmar တို့ပူးပေါင်း၍ သဘာဝဘေးအသိ ပညာပေး ဆွေးနွေးဟောပြောပွဲအား(၂၄-၆-၂၀၁၇)ရက်နေ့တွင်ပန်းဘဲတန်းမြို့နယ်၊မဟာသိမ်တော်ကြီးဓမ္မာရုံ၌သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူ( ၁၀၀)ဦးတက် ရောက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မိုင်းဆတ်မြို့နယ်မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကျိုင်တုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃.၄.၂၀၁၇)မှ(၂၄.၆.၂၀၁၇)ရက်နေ့ထိမိုင်းဆတ်မြို့နယ၊်မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၁၇)ကို မြို့နယ် ထွေအုပ် စည်းဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ပြီးသင်တန်းသား (၅၀) ဦးတက် ရောက် ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source:ကျိုင်တုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄.၆.၂၀၁၇)ရက်နေ့တွင် လိပ်သိုမြို့ အထက (လိပ်သို)၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ရပ်ကွက်သား/သူ( ၁၀၀)ဦးဖြင့် မိုးကြိုးဘေး ရေဘေး မြေပြိုဘေး အစရှိ သည်ဖြင့် ဘေးအန္တရာယ်များအကြောင်း ဟောပြောခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင် များကိုလည်းဖြန့်ဝေခဲ့ပါသည်။ထို့နောက်လိပ်သိုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး အား မီး ရေ မုန်တိုင်း ငလျင် မိုးကြိုး ဗီနိုင်းများနှင့် ပိုစတာများကိုပေးအပ် ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
