ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄.၆.၂၀၁၇)ရက်နေ့တွင် လိပ်သိုမြို့ အထက (လိပ်သို)၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ရပ်ကွက်သား/သူ( ၁၀၀)ဦးဖြင့် မိုးကြိုးဘေး ရေဘေး မြေပြိုဘေး အစရှိ သည်ဖြင့် ဘေးအန္တရာယ်များအကြောင်း ဟောပြောခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင် များကိုလည်းဖြန့်ဝေခဲ့ပါသည်။ထို့နောက်လိပ်သိုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး အား မီး ရေ မုန်တိုင်း ငလျင် မိုးကြိုး ဗီနိုင်းများနှင့် ပိုစတာများကိုပေးအပ် ခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)