Author Archives: Thandar Aung

  • ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ချင်းတွင်းမြစ်ရေကြီးမှုကြောင့် (၆-၇-၂၀၁၇) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၆၆) စုမှ လူဦးရေ စုစုပေါင်း (၁၇၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၆၆) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၆၁၂၀၀/-) ကျပ်တို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ရုံးခန်းတွင် ခရိုင် \ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ တို့နှင့်အတူ (၇-၇-၂၀၁၇) နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်Source: … Read more

  • ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသောတရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအားသောက်ရေသန့်နှင့်အစားအစာများ ထောက်ပံ့ပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် မြဝတီခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၅.၇.၂၀၁၇)ရက်နေ့ မွန်းလွဲ၁၄၀၀ အချိန်တွင် မြဝတီမြို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမား ပြန်လည်ကြိုဆိုလက်ခံရေးစခန်း (ကျောက်လုံးကြီး) ၌ ထိုင်းနိုင်ငံမှပြန်လည် ဝင်ရောက်လာသော တရားမဝင်ရွှေ့ ပြောင်းအလုပ် သမားများအား သောက်ရေ သန့်နှင့်စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ (၅.၇.၂၀၁၇)ရက်နေ့တွင် အဆိုပါ ရွှေ့ပြောင်း အလုပ်သမားကြိုဆိုလက်ခံ ရေးစခန်းသို့ဝင်ရောက်လာ သူကျား(၉၁၁) ဦး၊မ (၅၅၂)ဦး၊ စုစုပေါင်း(၁၄၆၃)ဦး ရှိကြောင်း သတင်းရရှိပါသည်။ Source:ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၆-၇-၂၀၁၇) ရက်နေ့ စစ်ကိုင်းမြို့နယ် ”ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွ့ံဖြိုးရေး ဒီဂရီကောလိပ်”၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက် သည့်အကြောင်းအရာများအားဆွေးနွေးဟောပြောခဲ့ပြီး ဆရာ/ ဆရာမ သင်တန်းသူ/သား (၃၀၀)ဦးတက်ရောက်် ခဲ့ပါ ကြောင်းသတင်းရ ရှိပါသည်။Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃.၇.၂၀၁၇) ရက်နေ့တွင် ဟင်္သာတမြို့၊ အင်းတလူအုပ်စု၊ တမန်ကြီးကျေးရွာ ၊ လေဘေးကြောင့်လုံးဝပြိုကျအိမ်ခြေ အမိုးလန်နေအိမ် (၁)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ လူ (၅) ဦး ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၀၅၀၀)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၇၀၀၀၀)အား (၅.၇.၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မင်းပြားမြို့နယ်အတွင်း “မိုရာ” မုန်တိုင်းကြောင့် ပျက်စီးခဲ့သော နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း

    (၃၀-၅-၂၀၁၇) ရက်နေ့တွင် “မိုရာ” မုန်တိုင်းတိုက်ခတ်မှုကြောင့် မင်းပြားမြို့နယ််အတွင်း လုံးဝပျက်စီးသွားသော(သွပ်မိုး/ပျဉ်ကာ) လူနေအိမ် (၈) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော(သွပ်မိုး/ပျဉ်ကာ) လူနေအိမ် (၄၄) လုံး၊ လုံးဝပျက်စီးသွားသော(ဓနိမိုး/ဝါးကာ) လူနေအိမ် (၆၂) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော(ဓနိမိုး/ဝါးကာ) လူနေအိမ် (၂၄၇) လုံး၊ လုံးဝပျက်စီးသွားသော(သွပ်မိုး/ပျဉ်ကာ) ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော(သွပ်မိုး/ပျဉ်ကာ) ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၅၆၄၀၀၀၀) အား (၄-၇-၂၀၁၇) ရက်နေ့တွင် မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃.၇.၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု၊ နံကပ်ကြီးကျေးရွာ၊ လေဘေးကြောင့်လုံးဝပြိုကျအိမ်ခြေ (၂)လုံးမ အိမ်ထောင်စု (၂)စုစာအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး အမိုးလန်နေအိမ် (၂)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ လူ (၁၅) ဦး ဆန်ရိက္ခာ (၇) ရက်စာဖိုး (၃၁၅၀၀)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀၀၀၀)အား (၅.၇.၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events