Author Archives: Thandar Aung
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် (၉-၇-၂၀၁၇) ရက်နေ့ ကျိုင်းတုံမြို့ ယန်းလောကျေးရွာအုပ်စု နောင်ထပ်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်း အရာများအား ဆွေးနွေးဟောပြောခဲ့ရာပြည်သူလူထု(၇၀)ဦးတက်ရောက်ကြောင်းသတင်းရ ရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
၂၀၁ရခုနှစ်၊ ဇူလိုင်လ(ပထမ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စိုက်ပျိုးရေးမိုးလေဝသအခြေအနေများ နှင့် ၂၀၁ရခုနှစ်၊ ဇူလိုင်လ(ဒုတိယ) ဆယ်ရက်ပတ် အတွက်စိုက်ပျိုးရေး မိုးလေဝသ ဆိုင်ရာအချက်အလက်(ပျမ်းမျ)ခန့်မှန်းချက်
၂၀၁ရခုနှစ်၊ ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သောမိုးလေဝသအခြေအနေများ ပေါ်မူ တည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ်ဖေါ်ပြအပ် ပါသည်။ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ- ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှအားကောင်းခဲ့ပါသည်။ မိုးရွာသွန်းမှုအခြေအနေ—၂၀၁ရခုနှစ်၊ ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ- ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့တွင် ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန် တို့ခန့်သာရှိခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက်ပိုခဲ့ကာ၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့၏ မြို့ကြီးများတွင်ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းခဲ့ပါသည်။ မိုးရွာရက်များအနေဖြင့်— မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) နှင့်ကယား … Read more
-
ပြည်သူ့အကျိုးပြုစီမံကိန်းများရေးဆွဲရာတွင် သုတေသန ရလဒ်များကို အခြေခံရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆွေးနွေး
နေပြည်တော်၊ ၁၀-၇-၂၀၁၇ ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၀-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် Ethical Review Board ၏ ပထမဆုံးအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Research and Development Center ကို ဖွင့်လှစ်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် Ethical Review Board ညှိနှိုင်းအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပနိုင်ခြင်းဖြစ်တဲ့အတွက် … Read more
-
ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအား ပူးပေါင်းကြိုဆိုမှုသတင်း
(၅-၇-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့ မြို့မတံတား၌ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ကျား (၅၇) ဦး၊ မ (၅၆) ဦး၊ ကလေး (၁၁) ဦး စုစုပေါင်း (၁၂၄) ဦးတို့အား သက်ရာဆိုင်ကော်မတီများနှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဖြူဖြူဝင်းနှင့် ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ သွားရောက်ကြိုဆိုခဲ့ကြပါသည်။ နေရပ်ပြန်အလုပ်သမားများအား သက်ဆိုင်ရာဌာနမှ သင့်လျော်သော ကားခများ ညှိနှိုင်းပေး၍ အလုပ်သမားများ ကိုယ်တိုင်ကုန်ကျခံစေပြီး ကော့သောင်းမှ ထားဝယ်ပြန်ရန် ကားခအခက်ခဲဖြစ်နေသော … Read more
-
ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအား ပူးပေါင်းကြိုဆိုမှုသတင်း
(၂-၇-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ကျား (၇၉) ဦး၊ မ (၇၁) ဦး စုစုပေါင်း (၁၅၀) ဦးနှင့် ကလေး (၁၉) ဦးတို့အား ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်သော သက်ဆိုင်ရာကော်မတီများနှင့်အတူ ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ ပူးပေါင်းကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် Gender Mainstreaming သင်တန်းဖွင့်လှစ်မှုသတင်း
ကယားပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် IRC တို့ပူးပေါင်း၍ ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် Gender Mainstreaming သင်တန်းကို ဇူလိုင် (၅) ရက်နေ့၊ နံနက် (၀၉းဝ၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း (၃၀) ဦး သင်တန်းတက်ရောက်ကြပါသည်။ သင်တန်းကာလမှာ (၃) ရက်ဖြစ်ပြီး ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးးဦးစီးဌာန၊ ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
