၂၀၁ရခုနှစ်၊ ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သောမိုးလေဝသအခြေအနေများ ပေါ်မူ တည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ်ဖေါ်ပြအပ် ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ- ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှအားကောင်းခဲ့ပါသည်။
မိုးရွာသွန်းမှုအခြေအနေ—၂၀၁ရခုနှစ်၊ ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ- ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့တွင် ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန် တို့ခန့်သာရှိခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက်ပိုခဲ့ကာ၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့၏ မြို့ကြီးများတွင်ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းခဲ့ပါသည်။
မိုးရွာရက်များအနေဖြင့်— မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) နှင့်ကယား ပြည်နယ်တို့တွင် မိုးရွာသွန်းခြင်းမရှိခဲ့ပါ၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် (၁)ရက်မှ(၃)ရက်ခန့်၊ ချင်းပြည်နယ်တွင်(၅)ရက်ခန့်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် (၁၀)ရက်ခန့်စီနှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့၏မြို့ကြီးများတွင် (၈)ရက်မှ(၉)ရက်ခန့်အသီးသီး မိုးထစ်ချူန်းရွာခဲ့ပါသည်။
အမြင့်ဆုံးအပူချိန်အခြေအနေ— ၂၀၁ရခုနှစ်၊ ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်အတွင်း(နေ့အပူချိန်)အခြေအနေများမှာ စစ်ကိုင်းတိုင်း ဒေသကြီး(အောက်ပိုင်း) ၊ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်တို့ ခန့်သာရှိခဲ့ပြီး၊ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီ ဖာရင်ဟိုက် အထိ၊ ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်၏ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ အောက်လျော့နည်းခဲ့ကာ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင်(၄)ဒီဂရီဖာရင်ဟိုက် ခန့်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့၏မြို့ကြီးများတွင် (၁)ဒီဂရီ ဖာရင်ဟိုက်မှ(၂)ဒီဂရီဖာရင်ဟိုက်အထိ၊ ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်ထက်ပိုခဲ့ပါ သည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ— ၂၀၁ရခုနှစ်၊ ဇူလိုင်လ(ပထမ) ဆယ်ရက်ပတ်အတွင်း(ညအပူချိန်)အခြေအနေများမှာ- ပဲခူးတိုင်း ဒေသကြီး(တောင်ပိုင်း)၊ ကယားပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် ဇူလိုင်လ(ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ခန့်သာရှိခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး (၈)ဒီဂရီဖာရင်ဟိုက်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး နှင့်ချင်းပြည်နယ်တို့တွင်(၄)ဒီဂရီဖာရင်ဟိုက်ခန့်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်(၂)ဒီဂရီဖာရင်ဟိုက်အထိ ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန် တို့အောက်လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့၏မြို့ကြီးများတွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီဖာရင်ဟိုက်အထိ ဇူလိုင်လ(ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက်ပိုခဲ့ပါသည်။
လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ—၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(ပထမ) ဆယ်ရက်ပတ်အတွင်း(လေထုစိုထိုင်းဆ)မှာ- မန္တလေးတိုင်း ဒေသကြီးတွင် (၆၆%) ၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် (၇၇%) မှ (၈၀%)အကြား၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ချင်းပြည်နယ်၊ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့်ကယားပြည်နယ်တို့တွင် (၈၁%)မှ(၈၉%)အကြားနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့၏မြို့ကြီးများတွင် (၉၀%)မှ (၉၅%) အကြားတို့တွင်အသီးသီးရှိခဲ့ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ— ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(ပထမ) ဆယ်ရက်ပတ်အတွင်း(ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေမှာ- မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) နှင့် မကွေးတိုင်းဒေသကြီး တို့တွင် (၄၂-မီလီမီတာ) မှ (၄၈မီလီမီတာ)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) နှင့်ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်(၃၅-မီလီမီတာ)မှ (၃၉-မီလီမီတာ) အတွင်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ ၏မြို့ကြီးများတွင် (၁၈-မီလီမီတာ) မှ (၂၆-မီလီမီတာ)အတွင်းတို့တွင် အသီးသီးရှိခဲ့ပါသည်။
မြေဆီလွှာအောင်းရေအခြေအနေ— ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(ပထမ)ဆယ်ရက်ပတ်အတွင်းမြေဆီလွှာစိုစွတ်မှု အခြေအနေမှာ- မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် (ခြောက်သွေ့)အခြေအနေ၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင်(စိုစွတ်)အခြေအနေ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့၏ မြို့ကြီးများတွင်မြေဆီလွှာ အောင်းရေအခြေအနေသည်(ပြည့်ဝ) အခြေအနေတွင်အသီးသီးရှိခဲ့ပါသည်။