
(၅-၇-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့ မြို့မတံတား၌ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ကျား (၅၇) ဦး၊ မ (၅၆) ဦး၊ ကလေး (၁၁) ဦး စုစုပေါင်း (၁၂၄) ဦးတို့အား သက်ရာဆိုင်ကော်မတီများနှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဖြူဖြူဝင်းနှင့် ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ သွားရောက်ကြိုဆိုခဲ့ကြပါသည်။ နေရပ်ပြန်အလုပ်သမားများအား သက်ဆိုင်ရာဌာနမှ သင့်လျော်သော ကားခများ ညှိနှိုင်းပေး၍ အလုပ်သမားများ ကိုယ်တိုင်ကုန်ကျခံစေပြီး ကော့သောင်းမှ ထားဝယ်ပြန်ရန် ကားခအခက်ခဲဖြစ်နေသော အလုပ်သမား (၃) ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၅၁၀၀၀) ကျပ် ထောက်ပံ့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)