Author Archives: Thandar Aung

  • မိုရာမုန်တိုင်းသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင််ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်် (၁၁-၇-၂၀၁၇) ရက်နေ့တွင် မောင်တောမြို့နယ်တွင်း လေဘေးသင့်ကျေးရွာအုပ်စုများမှ ့်ကျေးရွာအုပ်စု (၄)စု မှ လုံးဝပြို အိမ် (၅၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၅၀၀၀၀)ကျပ် တစ်စိတ်တစ်ပိုင်း (၄၀၀) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀၀)ကျပ် စုစုပေါင်း ကျပ်(၁၀၅၅၀၀၀၀)အား မောင်တောခရိုင်ရုံးမှတာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများသွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။Source: မောင်တောခရိုင််ဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် နောင်မွန်မြို့နယ်တွင် (၃၀-၆-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့်မြေပိ သေဆုံးခဲ့သူ မောင်ငွါးဇာရဲမိ (ဘ) ဦးငွါးဇာဒီးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)အား နောင်မွန်မြို့ နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်မှတဆင့် (၁၁-၇-၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • တိုက်ပွဲရှောင် အိမ်ထောင်စုများထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူ များနှင့်နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများသည် (၅.၇.၂၀၁၇) နေ့တွင် နမ္မတူမြို့နယ်အတွင်းဖြစ်ပွားသောတိုက်ပွဲများကြောင့် နမ္မတူမြို့၊ ကယ်ဆယ်ရေးစခန်းများ သို့ရောက်ရှိ လာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၂၈)စုမှ လူဦးရေ ကျား(၃၇) မ (၆၁) စုစုပေါင်း (၉၈)တို့အား ဆန်ရိက္ခာ(၁၄)ရက်စာ တန်ဖိုးငွေ (၄၁၁၆၀၀/-) တစ်အိမ်ထောင်လျှင် ဆီ (၅၀)သား (၅၆၀၀၀/-) ငါးသေတ္တာ (၃)ဘူး (၂၉၄၀၀ိ/-) နှင့်ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၂၈၇၀၄၈/-)အား (၇.၇.၂၀၁၇)ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံးကဆရ)

Sign Up

Upcoming Events