
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြို့မဘုန်းတော်ကြီးကျောင်းနှင့် တံတားဦးဘုန်းကြီးကျောင်းရှိ ရေဘေးရှောင်စခန်းတွင် ပြောင်းရွေ့နေထိုင်ကြသော မြို့မ(၁)၊ မြို့မ(၂)ရပ်ကွက်ရှိ ပြောင်းရွေ့အိမ်ထောင်စု (၄၃) စု၊ လူဦးရေ (၁၉၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၄၃) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၀၅၃၀၀) ကျပ်အား (၉-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)