စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုဆောင်ရွက်လျက်ရှိခြင်း

11_pic05 11_pic02

11_pic03 11_pic04

11_pic01

၁။         စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာမြို့နယ်များအတွင်း၌  (၂-၇-၂၀၁၇) နေ့မှ (၉-၇-၂၀၁၇) နေ့အတွင်း ရေကြီးရေလျှံမှုများကြောင့် အိမ်ခြေ (၂၄) လုံး မျှောပါပျက်စီးခဲ့ကာ အိမ်ထောင်စု (၂၂၀၀) ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး လူ (၁) ဦး သေဆုံးခဲ့ပါသည်။  အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သေဆုံးသူ ထောက်ပံ့ငွေနှင့် မိသားစုသုံးပစ္စည်းများ စုစုပေါင်း ပစ္စည်းနှင့်ငွေသား ကျပ် (၂၅.၆၅၃) သန်း ထောက်ပံ့ခဲ့ပြီး ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

၂။         မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၁၀-၇-၂၀၁၇)နေ့ (၁၁း၀၀)အချိန်နှင့် (၁၄း၀၀)အချိန် ထုတ်ပြန်ချက်များအရ ချင်းတွင်းမြစ်ရေနှင့် ငဝန်မြစ်ရေများလည်း ဆက်လက်မြင့်တက်လျှက်ရှိကြောင်း သိရှိရသည့်အတွက် အဆိုပါမြစ်ကြောင်းများ တလျောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍ အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events