ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ဖားကန့့်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ (၇-၇-၂၀၁၇) ရက်နေ့၊ (၀၉းဝ၀) နာရီအချိန်တွင် ရေကြီးမှုအမြဲကြုံတွေ့နေရသည့် ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်နှင့် အေးမြသာယာရပ်ကွက်တို့မှ အိမ်ထောင်စုများအား ဘေးလွတ်ရာအောင်ဇေယျုံဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး သဘာဝဘေးအသိပညာပေးဟောပြောခြင်းကို ပြည်နယ်ကယ်ဆယ်ရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆွေးနွေးဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်းအခမ်းအနားကို ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်ဥရုချောင်းတွင် ကျင်းပရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)