Author Archives: Thandar Aung

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNDP Administer ဖြစ်သူMr. Achim Steiner ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံမှုသတင်း

    ၈.၈.၂၀၁၇၊ နေပြည်တော် လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးမှ UNDP Administer ဖြစ်သူ Mr. Achim Steiner ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်(၁၁:၃၀)နာရီတွင် အဆိုပါဝန်ကြီးရုံး၊မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနအနေဖြင့် လူမှှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများကို ဒီမိုကရေစီ စံနှှုန်းများ၊ လူ့အခွင့်အရေးဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကြိုတင်ပြင်ဆင်ရေး ကို စနစ်တကျ ဦးစားပေးဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေး လုပ်ငန်းစီမံချက်(၂၀၁၇)ကို အပြီးသတ်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ … Read more

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းကို မိုးညှင်းမြို့ တွင် (၈.၈.၂၀၁၇) မှ(၁၀.၈.၂၀၁၇) ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး (၁၁.၈.၂၀၁၇) ရက်နေ့ တွင် ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်း အားနောင်စွန်းရပ်တွင်ပြုလုပ်သွားမည်။ အဆိုပါသင်တန်း ကချင်ပြည်နယ်ဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးတို့မှ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ/ သားများအား သင်ထောက်ကူပစ္စည်းများအား ပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကော့ကရိတ်မြို့နယ်၊ သိမ္ပလိန်းကျေးရွာ၌ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    (၅-၈-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ်၊ သိမ္ပလိန်းကျေးရွာ၌ ကော့ကရိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ Karen Baptist Convention (KBC) အဖွဲ့၊ ကျေးရွာနေပြည်သူလူထုများနှင့်ပူးပေါင်း၍ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ချင်းတွင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စုများအားထောက်ပ့ံမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၁၇) နေ့နှင့်(၂၈-၇-၂၀၁၇) နေ့တွင် ချင်းတွင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ကြိုတင် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသော ညောင်ဝန်းကျေးရွာနှင့်တိန်းသာကျေးရွာရှိ အိမ်ထောင်စု (၂) စု လူဦးရေ (၁၂)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပ့ံငွေ (၂၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပ့ံငွေ (၂၅၂၀၀) ကျပ်အား (၈-၈-၂၀၁၇) နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းတွင် ထောက်ပ့ံခဲ့ကြောင်းသတင်းရရှိပါသည်။Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်‌‌ထောင်‌စုနယ်‌‌မြေဦးစီးမှူးရုံး‌မှ ဒုတိယညွှန်‌ကြား‌ရေးမှူး‌ဒေါ်ဝင်‌းစန္ဒာကြည် နှင်‌့အဖွဲ့သည် (၈-၈-၂၀၁၇)နေ့တွင် ပျဉ်းမနားမြို့နယ် အ‌ထွေ‌ထွေအုပ်‌ချုပ်‌‌ရေးဦးစီးဌာန အစည်‌း အ‌ဝေးခန်‌းမတွင်‌ရပ်‌‌ကွက်‌အုပ်‌ချုပ်‌‌ရေးမှူးများနှင်‌့ရာအိမ်‌မှူး၊ဆယ်‌အိမ်‌မှူးများအားဦးစီးဌာနလုပ်‌‌ဆောင်‌ချက်‌များ၊သဘာဝ‌ဘေးအန္တရာယ်‌စီမံခန်‌့ခွဲမှုစနစ်‌၊သ‌ဘောတရားများနှင်‌့DAN Mobile Application အသုံးပြုပုံနည်‌းစနစ်‌များကို ရှင်‌းလင်‌း‌ဟော‌ပြောခဲ့ရာ စုစုပေါင်း (၅၀) ဦး တက်‌‌ရောက်‌ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ပြည်‌‌ထောင်‌စုနယ်‌‌မြေဦးစီးမှူးရုံး (ကဆရ)

  • ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ကျင်ကြီးဒေါင့်ကျေးရွာ၌ ဆူမီသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း

    (၇-၈-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် Action Aid Myanmar ဖျာပုံအဖွဲ့နှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ကျင်ကြီးဒေါင့်ကျေးရွာ၌ ကျေးရွာလူထူပူးပေါင်းပါဝင်သော ဆူမီသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများအပါအဝင် ပြည်သူ (၄၀၀) ဦး တက်ရောက်ပါဝင်ဆောင်ရွက်ခဲ့ပြီး ဘေးအမျိုးအစားပေါ်မူတည်၍ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာများ သိရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန် အလေးထားဆောင်ရွက်ခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများဝေငှပေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • တာချီလိတ်မြို့နယ်၊ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုုပ်ရုံဆွေး နွေးပွဲကျင်းပပြုလုပ်မှုသ တင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး‌မှ တာဝန်‌ရှိသူများသည် (၇-၈-၂၀၁၇) နေ့တွင် တာချီလိတ်မြို့နယ်ခန်းမ ၌မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူးခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ နိုင်ငံရေးပါတီများ မြို့မိမြို့ဖများ ရပ်/ကျေးအုပ် ချုပ်ရေးမှူးများ လူမှုရေးအဖွဲ့အစည်းများမှ စုစုပေါင်းအင်အား (၂၀၀) ခန့်တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • မြေပြိုဘေးထောက်ပ့ံမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၆-၇-၂၀၁၇)နေ့တွင် ဟားခါးမြို့နယ်၊ ဇိုခွားကျးရွာအုပ်စု၊ ဖိုခွားကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုဘေး အန္တရာယ် စိုးရိမ်ရသဖြင့် ဦးလမ်ဘွေနေအိမ် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၁၀၀၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆၃၀၀)ကျပ်၊ စုစုပေါင်း (၁၀၆၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးအား (၇-၈-၂၀၁၇)ရက်နေ့တွင် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတစ်ဆင့် ထောက်ပ့ံခဲ့ကြောင်းသတင်း ရရှိပါသည်။Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • လေပြင်းဘေးထောက်ပ့ံမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး‌မှ တာဝန်‌ရှိသူများသည် (၆-၈-၂၀၁၇)နေ့တွင် မအူပင်မြို့နယ်၊ အဂါးကျေးရွာအုပ်စု၊ အဂါး ရွာမ၌ (၄.၈.၂ဝ၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးနှင့် တစိတ်တပိုင်းနေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ)မျိုး တို့အား (၇.၈.၂ဝ၁၇)ရက်နေ့တွင် မအူပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး(ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး)ရန်ပုံငွေများ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Source: မအူပင်ခရိုင််ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events