ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNDP Administer ဖြစ်သူMr. Achim Steiner ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံမှုသတင်း

၈.၈.၂၀၁၇၊ နေပြည်တော်
လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးမှ UNDP Administer ဖြစ်သူ Mr. Achim Steiner ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်(၁၁:၃၀)နာရီတွင် အဆိုပါဝန်ကြီးရုံး၊မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနအနေဖြင့် လူမှှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများကို ဒီမိုကရေစီ စံနှှုန်းများ၊ လူ့အခွင့်အရေးဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကြိုတင်ပြင်ဆင်ရေး ကို စနစ်တကျ ဦးစားပေးဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေး လုပ်ငန်းစီမံချက်(၂၀၁၇)ကို အပြီးသတ်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များအပြင် လူဖန်တီးသည့် ဘေးအန္တရာယ်များအတွက်ပါ ကူညီ စောင့်ရှောက်မှှုများ ဆောင်ရွက်လျက်ရှိရာ ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် ဒေသများရှိစခန်းများ တွင် နေထိုင်သူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးခြင်း၊ လူသားချင်း စာနာမှှုအကူအညီပေးအပ်ခြင်းမှ ဖွံ့ဖြိုးတိုးတက်ရေးသို့ ကူးပြောင်းနိုင်ရေးအတွက် လိုအပ်သည် များကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထား ရေးနှင့် လူမှှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဌအနေဖြင့် ရခိုင်ပြည်နယ်ရှိ စခန်းများတွင်နေထိုင်သူများ၏ လိုအပ်ချက်များကို ဆန်းစစ်နိုင်ရေးအတွက် ရခိုင်ပူးတွဲဆန်းစစ် လေ့လာရေးအဖွဲ့ကိုလည်း UNDPနှင့်ပူးပေါင်းဖွဲ့စည်းခဲ့ပြီး ဆန်းစစ်ချက်များကို ယခုလကုန်ပိုင်းမှ စတင်ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊ ဒေသတွင်း လူမှှုသဟဇာတဖြစ်ရေးအတွက် သင်တန်းပို့ချမှှုများနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးအတွက်ကိုလည်း ဝန်ကြီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသခံအစိုးရအဖွဲ့၊ ပုဂ္ဂလိကအဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော် အစိုးရ၏ လက်တွေ့ကျသည့် အကောင်အထည်ဖော်ဆောင်ရွက်မှှုများတွင် ပူးပေါင်း ဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထိုနောက် UNDP Administer ဖြစ်သူ Mr. Achim Steinerမှ ဝန်ကြီးဌာနနှင့် UNDP ၏ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှှုများအတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသဘာဝဘေးအန္တရယ်လျော့ပါးရေးလုပ်ငန်းစီမံချက်(MAPDRR) ရေးဆွဲဆောင်ရွက်နိုင်မှှုနှင့် ပုဂ္ဂလိက ကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှှုများအတွက် အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ UNDPအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှှုနှင့် လိုက်လျောညီထွေရှိစေရေး တို့ကို တစ်သားတည်းပေါင်းစပ်ဆောင်ရွက်နိုင်စေရန် ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုပါ ပူးတွဲဆောင်ရွက် စေလိုပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events