Author Archives: Thandar Aung
-
ရေဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် (၁၂.၈.၂၀၁၇) ရက်နေ့၌ နေအိမ်များသို့ မြစ်ရေဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသော အိမ်ထောင်စု (၂၆) စု လူဦးရေ (၁၃၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၈) မျိုး (၂၆) အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ(၇) ရက်စာဖိုး ငွေ(၂၈၃၅၀၀) ကျပ်တို့ကို (၁၄.၈.၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၄-၈-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် Luthern World Federation (LWF) ဖျာပုံအဖွဲ့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဖျာပုံခရိုင်၊ ဒေးဒရဲမြိို့နယ် ၊ အုန်းပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ အင်အား (၁၅၀) ကျော်တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက ရာသီအလိုက်ဖြစ််ပေါ်လာနိုင်သော ဘေးအန္တရာယ်များအား သိရှိပြီး ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဟန်ချက်ညီစွာ လုပ်ကိုင်ဆောင်ရွက်တတ်စေရေး အလေးထားဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဝေငှပေးခဲ့ကာ DAN and KOBO Application များအကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၈-၂၀၁၇)နေ့ တွင်ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား ဦးစီးဌာနလုပ်ဆောင်ချက်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုစနစ်၊သဘောတရားများနှင့် DAN Mobile Application အသုံးပြုပုံနည်းစနစ်များရှင်း လင်းဟောပြောခဲ့ဲပြီးစုစုပေါင်း (၈၅) ဦး တက်ရောက်ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံး (ကဆရ)
-
တိုက်ပွဲရှောင်အိမ်ထောင်စုများထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၆)ရက်နှင့်(၂၀-၁-၂၀၁၆)ရက်တို့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီတောင် ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားမူကြောင့် စစ်ဘေးရှောင် အိမ်ထောင်စု (၁၄)စုမှ လူဦးရေ(၇၈)ဦးတို့အတွက် family kit (၂၂)မျိုးပါ (၁၄)ပုံး၊ အိမ်ထောင်စု (၁၄)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်ထောင်စုလျှင် (၁)သိန်းနှုန်းဖြင့် ကျပ်(၁၄)သိန်း၊ လူဦးရေ(၇၈)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာဖိုး (၇၀၂၀၀၀/-)၊ စုစုပေါင်း(၂၁၀၂၀၀၀/-) တို့အား (၁၀-၈-၂၀၁၇)ရက်တွင် ပလက်ဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သွားရောက်ထောက်ပံ့လွှဲပြောင်းပေးခဲ ကြောင်းသတင်းရရှိပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
အင်္ဂပူမြို့နယ်တွင်း ကမ်းပြိုဘေးသင့်အိမ်ထောင်စုများကွင်းဆင်းထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘတ်အုပ်စု၊ သာယာကုန်းရွာ၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းရွာ၊ ရွှေပြည်သာရွာ၊ ကျွန်းကြီးရွာ၊ ခွေးတောက်ချောင်းအုပ်စု၊ နံကပ်ကြီးရွာ၊ နံကပ်ပြင်စုရွာ၊ လန်တာရွာတို့တွင် (၃၀.၇.၂၀၁၇) မှ (၆.၈.၂၀၁၇) နေ့ထိ ကမ်းပြိုဘေးသင့် အိမ်ခြေ (၉၁) လုံး၊ အိမ်ထောင်စု (၉၁) စု၊ လူဦးရေ (၃၂၉) ဦး၊ ဘုန်းကြီးကျောင်း (၂) ကျောင်း တို့အတွက် – ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၉၁) အိမ်ထောင်စာ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၈-၂၀၁၇)နေ့ တွင် ခန္တီးမြို့နယ် ဆင်သေကျေးရွာ (အ-ထ-က)တွင် ကျောင်းသားကျောင်းသူ (၅၀၀)ဦးအား သဘာဝဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ် ပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက် ကြောင်းသတင်းရရှိပါသည်။Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၈-၂၀၁၇)နေ့ တွင် နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာစု သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ပြည်သူ လူထု (၂၅၀)ဦး ခန့်အား သဘာဝဘေးအန္တရာယ်အသိပညာများ ဟောပြောပို့ချခြင်း၊ လက်ကမ်းစာ စောင်နှင့် နံရံကပ်ပိုစတာဖြန့်ဝေခြင်းနှင့် DAN Mobile app အကြောင်းဖြန့်ဝေဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၈-၂၀၁၇) နေ့တွင် ထိုင်းနိုင်ငံမှ အထောက်အထားမဲ့ မြန်မာလုပ်သား (၄၂) ဦး ပြန်လည်ရောက်ရှိလာ၍ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ကြိုဆိုခဲ့ပြီး (၄၂) ဦးအနက်မှ (၁၀) ဦးအတွက် ခရီးစရိတ် (၂၀၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၈-၂၀၁၇)နေ့ တွင် ကျုံပျော်မြို့နယ်၊ ကျွဲခေါင်း ကျေးရွာအုပ်စု၊ မယ်ကြက်မအိုင်ကျေးရွာရှိ ပြည်သူလူထု(၂၀၀)ဦး ခန့်အား သဘာဝဘေးအန္တရာယ်အသိပညာများ ဟောပြောပို့ချခြင်း၊ လက်ကမ်းစာစောင်နှင့် နံရံကပ် ပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
