Author Archives: Thandar Aung
-
မြစ်ရေဝင်ရောက်မှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်တွင် (၁၂.၈.၂၀၁၇)ရက်နေ့၌ နေအိမ်များသို့ မြစ်ရေဝင်ရောက်မှု ကြောင့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသော အိမ်ထောင်စု(၁၅)စု လူဦးရေ(၇၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၈)မျိုး (၁၅)အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၁၆၅၉၀၀) ကျပ်တို့ ကို (၁၅.၈.၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်း ရရှိပါသည်။Source:ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့(မန္တလေး)အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီ်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်း ဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အရပ်ဘက်လူမှု့အဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီ စဉ်ဆက်မပြတ် လက်တွဲဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် ယနေ့ (၁၅.၈.၂၀၁၇) နေ့တွင် ဗြဟ္မစိုရ်အသင်း ၃ ထပ်ဆောင်၌ ကျင်းပသော သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့(မန္တလေး)အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နယ်မြေဒေသအလိုက် ပရဟိတအသင်းများကိုယ်စား ပရဟိတအသင်း (၂၃) သင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါ သည်။ အစည်းအဝေး၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာနအနေဖြင့် ပြည်သူ အသိပညာပေးရေးနှင့် သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများတွင် ပရဟိတ … Read more
-
ချင်းတွင်းမြစ်ရေတိုးမှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့ မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေတိုးမှုကြောင့် ရေလွတ်ရာသို့ (၁၄-၈-၂၀၁၇) နေ့ရက်တွင် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၁၄၇) စု လူဦးရေ (၆၇၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ( ၁၄၁၃၃၀၀ိ/-)တို့အားလည်းကောင်း ရွှေပြည်သာကျေးရွာတွင် ကမ်းပါးပြိုကျမည် စိုးရိမ်ရသဖြင့် ကြိုတင်ဖျက်သိမ်းအိမ် ၁ လုံးအတွက် (family kits) တစ်ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-) တို့အားလည်းကောင်း( ၁၅-၈-၂၀၁၇ )နေ့တွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်း ရရှိပါသည်။Source: … Read more
-
မိုင်းဖြတ်မြို့၊ ကွက်သစ်ရပ် မူလတန်းလွန်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၇) ရက်နေ့၊ နံနက် (၁၂း၃၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ ကွက်သစ်ရပ် မူလတန်းလွန်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား ကျောင်းသူ (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ)
-
မိုင်းဖြတ်မြို့၊ နန့်လန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၇) ရက်နေ့၊ နံနက် (၁၀း၁၅) နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ နန့်လန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ)
-
မိုးကောင်းမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု၊ လမ်းခွကျေးရွာရှိ နှစ်ချင်းဘုရားကျောင်းနှင့် စိန်ပေါလုကက်သလစ်ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
မိုးကောင်းမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု၊ လမ်းခွကျေးရွာရှိ နှစ်ချင်းဘုရားကျောင်းနှင့် စိန်ပေါလုကက်သလစ်ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၁၆၆) စုမှ လူဦးရေ (၇၄၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၆၆) အိမ်ထောင်စာအား ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပြီး (၁၄-၈-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူး (ကဆရ)နှင့် မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) တို့မှ တာဝန်ရှိသူများသည် တစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀) ကျပ်နှုန်းဖြင့် လူဦးရေ (၇၄၆) ဦးအတွက် … Read more
-
ရေဘေးအန္တရာယ်ဆောင်ရန်ရှောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၈.၂၀၁၇)နေ့တွင် ကသာမြို့ပေါ် ရပ်ကွက် (၁၀)ရှိ ရေဝင်ရောက်သည့်နေရာများသို့ ရေဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်း ရရှိပါသည်။Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ချင်တွင်းမြစ်ရေတိုးမှုကြောင့် ခန္တီးမြို့နယ်အတွင်းရှိပြောင်းရွှေ့ အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ချင်တွင်းမြစ်ရေတိုးမှုကြောင့် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ ရေလွတ်ရာသို့ပြောင်းရွှေ့ရသော အိမ်ထောင်စု (၄၀၂) စု လူဦးရေ (၁၈၂၇) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၈၃၆၇၀၀ိ/-) ကို (၁၄-၈-၂၀၁၇) နေ့တွင် ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌတို့နှင့် အတူသက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်း ရရှိပါသည်။Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)
