Author Archives: Thandar Aung

  • အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာလာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    (၂-၉-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာလာသူ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၉၂) ဦးတို့အတွက် ၎င်းတို့ခိုလှုံရာ ပုဏ္ဏားကျွန်းမြို့၊ လောကမာရဇိန်ဘုရားကြီးသိမ်တော်၌ ဆန်ရိက္ခာ (၂)ပတ်စာ (၆)အိတ်နှင့် (၁၇) ပြည်၊ ဆီ (၁လီတာ)၂၄ဗူး၊ ဆား (၆)ပိဿာ၊ ပဲ(၁၂)ပိဿာ တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုကြောင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    (၁-၉-၂၀၁၇) ရက်နေ့တွင် မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် သတ်ဖြတ်ခြင်းခံရသည့် မြိုတိုင်းရင်းသား (၇) ဦး၊ ဒိုင်းနက်တိုင်းရင်းသာ (၅) ဦး၊ စုစုပေါင်း (၁၂) ဦးအတွက် ထောက်ပ့ံငွေ (၃၆) သိန်းအား မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လည်ကောင်း၊ ဟိန္ဒူ (၇) ဦးအတွက် ထောက်ပံ့ငွေ (၂၁) သိန်းအား သေဆုံးသူမိသားစုများထံသို့လည်းကောင်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မောင်တောခရိုင်အတွင်း နေရပ်စွန့်ခွာထွက်ပြေးလာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသော မောင်တောမြို့နယ် ကင်းချောင်းကျေးရွာ ခရေမြိုင်ကျေးရွာနှင့် (၄)မိုင် သစ်တောရွာမှ အိမ်ထောင်စု(၁၆)စု ကျား(၂၃)ဦး မ(၄၁)ဦး ပေါင်း(၆၄)ဦးနှင့် ဘူးသီးတောင်မြို့နယ် သပြေတောင်ကျေးရွာမှ အိမ်ထောင်စု(၅)စု ကျား(၃)ဦး မ(၈)ဦး ပေါင်း(၁၁)ဦးတို့သည် (၂၉/၃၀/၃၁-၈-၂၀၁၇) ရက်နေ့တွင် ကျောက်တော်မြို့နယ်ရှိ သာသနာ့ဗိမာန်၌လည်းကောင်း မောင်တောမြို့နယ် ဝေသာလီကျေးရွာနှင့် ကျင်းတောင်ကျေးရွာမှ အိမ်ထောင်စု(၆)စု ကျား(၁၀)ဦး မ(၁၄)ဦး ပေါင်း(၂၄)ဦးတို့သည် (၂၉-၈-၂၀၁၇)ရက်နေ့တွင် ကျောက်တော်မြို့နယ် ဒုက္ကံချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌လည်းကောင်း လာရောက်ခိုလှုံလျက်ရှိပါသည်။ အဆိုပါအိမ်ထောင်စု(၂၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးအား (၃၁-၈-၂၀၁၇)ရက်နေ့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ … Read more

  • ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစု ကျေးရွာ ရေဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ််ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစု ကျေးရွာ၌ (၂၉-၈-၂၀၁၇) ရက်နေ့တွင် ရေဝင်ရက်ကြာမြင့်၍ မြေနူးအိကာ ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် Family Kits (၂၂)မျိုး (၁)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၁၀၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀၀) ကျပ်အား (၁-၉-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

Sign Up

Upcoming Events