
(၂-၉-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာလာသူ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၉၂) ဦးတို့အတွက် ၎င်းတို့ခိုလှုံရာ ပုဏ္ဏားကျွန်းမြို့၊ လောကမာရဇိန်ဘုရားကြီးသိမ်တော်၌ ဆန်ရိက္ခာ (၂)ပတ်စာ (၆)အိတ်နှင့် (၁၇) ပြည်၊ ဆီ (၁လီတာ)၂၄ဗူး၊ ဆား (၆)ပိဿာ၊ ပဲ(၁၂)ပိဿာ တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)