ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးလမ်းညွှန်မှုဖြင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်းကျင်းပသော ပြည်နယ်အဆင့် လူမှုစောင့်ရှောက်ရေးအထောက်အကူပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၁-၉-၂၀၁၇) ရက်နေ့တွင် တောင်ကြီးမြို့ မြန်မာနိုင်ငံဆရာဝန်များအသင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ UN INGOs NGOs နှင့် CSO အဖွဲ့အစည်းများမှ စုစုပေါင်း (၄၆) ဦး တက်ရောက်ခဲ့ပြီး လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)