မောင်တောခရိုင်အတွင်း နေရပ်စွန့်ခွာထွက်ပြေးလာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

2_pic01

2_pic02

2_pic03

2_pic04

2_pic05

မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသော မောင်တောမြို့နယ် ကင်းချောင်းကျေးရွာ ခရေမြိုင်ကျေးရွာနှင့် (၄)မိုင် သစ်တောရွာမှ အိမ်ထောင်စု(၁၆)စု ကျား(၂၃)ဦး မ(၄၁)ဦး ပေါင်း(၆၄)ဦးနှင့် ဘူးသီးတောင်မြို့နယ် သပြေတောင်ကျေးရွာမှ အိမ်ထောင်စု(၅)စု ကျား(၃)ဦး မ(၈)ဦး ပေါင်း(၁၁)ဦးတို့သည် (၂၉/၃၀/၃၁-၈-၂၀၁၇) ရက်နေ့တွင် ကျောက်တော်မြို့နယ်ရှိ သာသနာ့ဗိမာန်၌လည်းကောင်း မောင်တောမြို့နယ် ဝေသာလီကျေးရွာနှင့် ကျင်းတောင်ကျေးရွာမှ အိမ်ထောင်စု(၆)စု ကျား(၁၀)ဦး မ(၁၄)ဦး ပေါင်း(၂၄)ဦးတို့သည် (၂၉-၈-၂၀၁၇)ရက်နေ့တွင် ကျောက်တော်မြို့နယ် ဒုက္ကံချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌လည်းကောင်း လာရောက်ခိုလှုံလျက်ရှိပါသည်။ အဆိုပါအိမ်ထောင်စု(၂၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးအား (၃၁-၈-၂၀၁၇)ရက်နေ့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများအတူ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

အလားတူ မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသော ဘူးသီးတောင်မြို့နယ် ကင်းချောင်းကျေးရွာ ပြင်ချောင်းကျေးရွာနှင် အမှတ်(၄)ရပ်ကွက်မှ အိမ်ထောင်စု (၁၄) စု ကျား(၁၈)ဦး မ(၂၉)ဦး ပေါင်း(၄၇)ဦးတို့သည် (၃၁-၈-၂၀၁၇) ရက်နေ့တွင် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်ရှိ ဆွေမျိုးနေအိမ်၌လည်းကောင်း၊ ကန်စောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း အိမ်ထောင်စု(၁၅)စုမှ ကျား(၂၁)ဦး မ(၃၆) ဦး ပေါင်း(၅၇)ဦးတို့သည် ကာဒီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း လာရောက်ခိုလှုံလျက်ရှိပါသည်။ အဆိုပါအိမ်ထောင်စု(၂၉)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးအား (၁-၉-၂၀၁၇) ရက်နေ့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများအတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events