Author Archives: Thandar Aung
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်မြို့၊ အမေရိကန်နိုင်ငံသံရုံး၏သံရုံးယာယီတာဝန်ခံတို့အား သီးခြားစီလက်ခံတွေ့ဆုံ
~~~~~~ Source: MOSWRR ~~~~~~ ဒီဇင်ဘာ ၁၆ ၊ နေပြည်တော် ~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun ဦးဆောင်သောအဖွဲ့နှင့် ရန်ကုန်မြို့၊ အမေရိကန်နိုင်ငံသံရုံး၏ သံရုံးယာယီတာဝန်ခံ Ms. Gwendolyn J.Cardno ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထို့နောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ … Read more
-
မီးဘေးအန္တရာယ်ဆိုင်ရာ မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ရှိ အမှတ်(၁)ရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ ဖိုးချစ်လက်ဖက်ရည်ဆိုင်အနီး၌ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား မိဘပြည်သူများ အလွယ်တကူသိရှိနားလည်ဖတ်ရှုနိုင်ရန် (၉’×၆’)မြေစိုက်ဗီနိုင်းပိုစတာအသစ် စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်သူလူထုအခြေပြု COVID–19 ကာကွယ် ထိန်းချုပ်ရေး အထူးစီမံချက်တွင် ချိတ်ဆက် ပူးပေါင်း ကူညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး
~~~~~~ Source: MOSWRR ~~~~~~ ဒီဇင်ဘာ ၁၄ ၊ နေပြည်တော် ~~~~~~ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပြည်သူလူထုအခြေပြု COVID–19 ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်တွင် ချိတ်ဆက်ပူးပေါင်း ကူညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး၌ Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုလက်ရှိအခြေအနေတွင် COVID–19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း … Read more
-
COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အားကစားနှင့်ကာယပညာဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲ အဖွဲ့များနှင့်ပူးပေါင်း၍ (၁၄-၁၂-၂၀၂၀) ရက်နေ့တွင် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာအုပ်စု၊ ခိုလိုကျေးရွာ၊ ကျွဲတလင်းကျေးရွာ၊ သမင်အင်းကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် သူဌေးကုန်းကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဘေး(၈)မျိုးပါလက်ကမ်းစာစောင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ထုတ်ဝေသော Covid-19 ဆောင်ရန်/ရှောင်ရန် အသိပညာပေးလက်ကမ်းစာစောင်များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask (၅၀၀)ခုအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_dec2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး … Read more
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်မှ (၁၅:၃၀)အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ခါးပြတ်ကျေးရွာ၊ ဝက်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များအား ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 အသိပညာပေး ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၂၀) ရက်နေ့တွင် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ လူအများတွေ့မြင်နိုင်သည့် နေရာများ၌ Covid-19 အသိပညာပေး ဗီနိုင်းပိုစတာ(၁၀)ခု ကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Floccutent နှင့် ကလိုရင်းပါဝင်သောရေသန့်ဆေးမှုန့်ပုံးများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြို့မရပ်ကွက်၊ အန္တားအခြေခံပညာအလယ်တန်းကျောင်းခွဲ၊ မာဃသဟာရ လူမူရေးကူညီမူအသင်းများသို့ (Water Floc & disinfectant Pdr / Box-240) နှစ်ဆင့်အသုံးပြုရသည့် Floccutent နှင့် ကလိုရင်းပါဝင်သောရေသန့်ဆေးမှုန့်ပုံး(၁၀)ပုံးတို့ကို ခွဲဝေထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mgy_dec2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးနှင့်ငလျင်ဘေးအသိပညာပေးပိုစတာများကပ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် ခန္တီးမြို့မင်္ဂလာစျေးရှေ့ လူစည်ကားရာနေရာ၌ မီးဘေးနှင့်ငလျင်ဘေးအသိပညာပေးပိုစတာများကပ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၂၀)ရက်နေ့တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၁၀၀၀၀ဝိ/-)၊ စုစုပေါင်းလူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၆၃၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၀၆၃၀ဝိ/-)အား (၁၀-၁၂-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဉတ္တရခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) အချိန်မှ (၁၄:၀၀) အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ မီးလောင်ကုန်းကျေးရွာနှင့် သဲကျွန်းကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2020 Source: ဉတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
