လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အားကစားနှင့်ကာယပညာဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲ အဖွဲ့များနှင့်ပူးပေါင်း၍ (၁၄-၁၂-၂၀၂၀) ရက်နေ့တွင် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာအုပ်စု၊ ခိုလိုကျေးရွာ၊ ကျွဲတလင်းကျေးရွာ၊ သမင်အင်းကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် သူဌေးကုန်းကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဘေး(၈)မျိုးပါလက်ကမ်းစာစောင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ထုတ်ဝေသော Covid-19 ဆောင်ရန်/ရှောင်ရန် အသိပညာပေးလက်ကမ်းစာစောင်များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask (၅၀၀)ခုအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)