လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်မှ (၁၅:၃၀)အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ခါးပြတ်ကျေးရွာ၊ ဝက်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များအား ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)