Author Archives: Thandar Aung

  • မကွေးမြို့နယ်၊ ကန်သာလေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကန်သာလေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၄-၁၀-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ ရာ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ရှောင်ရန််များကို ရှင်းလင်းပြောခြင်းနှင့် လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်များအား ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံး (ကဆရ)

  • တောင်ကြီးမြို့နယ်၊ အထက ပင်းပက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၀-၂၀၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အထက ပင်းပက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည််။ တာဝန်ရှိသူများက တက်ရောက်လာသူများထံ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဇီးတောရွာနှင့် ကြက်မောက်ရွာ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်စဉ်

            လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ call center သို့ ရေကြီးရေလျှံမှုများကြောင့် ဆက်သွယ်အကူအညီတောင်းခံလာသော မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဇီးတောရွာနှင့် ကြက်မောက်ရွာတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ကဆရ)နှင့် ချိတ်ဆက်မှုရယူပြီး အဆိုပါကျေးရွာများအတွက် ရေသန့်ကဒ်၊ ရေသန့်ဆေးပြားများနှင့် ဓာတ်ဆားထုပ်များကို မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကွင်းဆင်းသွားရောက်ထောက်ပံ့ပေးပို့ခဲ့ပြီး ကျေးရွာချင်းဆက်တံတားမျောပါခြင်းကြောင့် အဆက်အသွယ်ပြတ်တောက် အခက်အခဲဖြစ်ပေါ်နေမှုကိုလည်း သာစည်မြို့ ဇေယျသုခပရဟိတအသင်းနှင့်လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်လည်းကောင်း ယာယီဝါးတံတားဖြစ်မြောက်စေရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသနမ့်ဆန်မြို့နယ်တွင်မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့ရာပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးဝင်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သူ (၈၀) ဦးဖြစ်ပါသည်။ အဆိုပါသင်တန်းကို (၂၃ -၁၀-၂၀၁၇)ရက်နေ့မှ (၂၄-၁၀-၂၀၁၇)ထိ(၂)ရက်သင်တန်းဖြစ်ပြီး တက်ရောက်သူသင်တန်းသား/သူ (၅၀)ဦးတက်ရောက်ကြောင်းသတင်းရရှိပါသည်။Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events