ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကန်သာလေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၄-၁၀-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ ရာ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ရှောင်ရန််များကို ရှင်းလင်းပြောခြင်းနှင့် လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်များအား ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံး (ကဆရ)