Author Archives: Thandar Aung

  • တပ်ကုန်းမြို့နယ်၊ အ.ထ.က ခွဲ (နွယ်ရစ်) စာသင်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) ================================================= ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၁၇) ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ အ.ထ.က ခွဲ (နွယ်ရစ်) စာသင်ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၂၄၀)ဦးတို့အား သဘာဝဘေးနှင့်ပတ်သတ်ပြီး ရှောင်ရန်/ဆောင်ရန်များ ဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဝေငှခြင်း၊ ဂိမ်းကစားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  • ကသာမြို့နယ်၊ ကျောက်ထုံးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ================================================= Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၇) ရက်နေ့တွင် ကသာမြို့နယ်၊ ကျောက်ထုံးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက ကျောင်းသူ၊ ကျောင်းသား (၄၉၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားတတ်သော သဘာဝဘေးများအကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး သဘာဝဘေးအသိပညာပေး ဗွီနိုင်းများ၊ လက်ကမ်းစာစောင်များနှင့် ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

  • ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက် မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    ================================================= Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၌ (၁၄-၁၁-၂၀၁၇) ရက်နေ့၊ (၂၃း၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လူနေအိမ် ၁ လုံး မီးဘေးသင့်ခဲ့ရာ အဆိုနေအိမ်အတွက် အိမ်ဆောက်ပစွည်းဖိုး (၇၅၀၀၀) ကျပ်တိတိကို ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

  • မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့မှုသတင်း

    ================================================= Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၌် (၁၈-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သည့် တိုက်အိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်ငွေ (၂၀၀၀၀၀) ကျပ်တိတိ၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ကျပ်ငွေ(၁၀၅၀၀)တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၁)စုစာနှင့် Hygiene Kits ၁ စုံတို့အား (၂၃-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

  • ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအုပ်စု သာသနဝံသ ဝါဆိုကျောင်းတိုက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ================================================= Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ ~ ၁၀း၃၀) နာရီအချိန်တွင် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအုပ်စု သာသနဝံသ ဝါဆိုကျောင်းတိုက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက မီးဘေး လေဘေး ငလျင်ဘေး မိုးကြိုးဘေး မဖြစ်ပွားမီ ဖြစ်ပွားစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန်ရှောင်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ အင်အား (၁၃၈) ဦးခန့်ရှိကြောင်း သိရှိရပါသည်။

  • မိုင်းဖြတ်မြို့နယ်၊ ပါပူးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ================================================= Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) မှ ဝန်ထမ်းများသည် (၂၂-၁၁-၂၀၁၇) ရက်နေ့၊ ညနေ (၀၆းဝဝ) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ပါပူးကျေးရွာ၌ သဘာဝအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာသူ/သား (၅၀) ဦး တတ်ရောက်ပြီး ဝန်ထမ်းများမှ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

  • ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးအုပ်စု ခုံကြီးကျေးရွာ၊ မဲဇလီကျေးရွာအုပ်စု မဲဇလီကျေးရွာနှင့် သုံးဆက်အုပ်စု သုံးဆက်ကျေးရွာတို့၌ (၁၄-၁၁-၂၀၁၇)၊ (၁၅-၁၁-၂၀၁၇)၊ (၁၇-၁၁-၂၀၁၇) နှင့် (၁၈-၁၁-၂၀၁၇) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁၈) စု၊ လူဦးရေ (၆၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး ၁၈ အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး ၁၈ သိန်း၊ ဆန်ရိက္ခာဖိုး (၁၃၆၅၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more

Sign Up

Upcoming Events